DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း​ ရန်ကုန်မြို့​တွင် လိုင်း​ကား​ခများ​ ​ဈေး​တက်
DVB
·
April 12, 2012
သင်္ကြန်တွင်း​ ရန်ကုန်မြို့​တွင် လိုင်း​ကား​ခများ​ ​ဈေး​တက်
Donate to DVB

ဒီ​နေ့​ မြန်မာ့​ရိုး​ရာအတာသင်္ကြန်ရဲ့​ အကြို​နေ့​မှာပဲ ရန်ကုန်မြို့​တွင်း​ ​ပြေး​ဆွဲ​နေတဲ့​ လိုင်း​ကား​ခ ​ဈေး​မြင့်​တက်သွား​တယ်လို့​ ရန်ကုန်မြို့​ခံ​တွေက ​ပြောပါတယ်။

အရင် ပုံမှန်သွား​နေကျ ၂၀၀ က​နေ ၅၀၀ အထိ တက်သွား​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​မြောက်ဥက္ကလာက​နေ ဆူး​လေကို သွား​တာ​ပေါ့​။ တ​ယောက်ကို ၅၀၀၊​ ကျ​နော်တို့​ ဘီအမ်ကား​စီး​စီး​၊​ မထသ (၄၃) စီး​စီး​ပေါ့​။ အထူး​ကား​စီး​လည်း​ ၅၀၀ ပဲ။ ​ရွှေဧည့်​သည်တို့​ဘာတို့​ အခြား​ယာဉ်လိုင်း​တွေလည်း​ အကုန် ၅၀၀ ပဲလို့​ ​ပြောတယ်။ အလုပ်အကိုင်ရှိတဲ့​အခါကျ​တော့​ သွား​ရတာ ကား​ခ ​ဈေး​ကြီး​တာ​ပေါ့​။ အသွား​ ၅၀၀၊​ အပြန် ၅၀၀ ဆို​တော့​ ၁၀၀၀ ဖြစ်​နေပြီ​လေ။ ကျ​နော်တို့​ဆီမှာက ၁၀၀၀ ဆိုလို့​ရှိရင် ဆင်း​ရဲသား​လူတန်း​စား​တွေ ထမင်း​ဟင်း​ ချက်စား​လို့​ ရတယ်။ သင်္ကြန်တွင်း​မှာ ဂတ်စ်ဆိုင်​တွေလည်း​ မပိတ်ဘူး​ ဖွင့်​ထား​တယ်။ အဲဒီ​တော့​ ကား​ခ​တွေ ​ဈေး​တက်တယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျဘူး​။ ပုံမှန်ထက် ၁၀၀-၂၀၀ တက်ရင်​တော်​သေး​တယ်။ အခုက ၂၀၀ လိုင်း​ကို ၅၀၀ တက်တာ။ ဆူး​လေး​သွား​မယ်ဆိုရင် အရင်တုန်း​က ၂၀၀ အခုက ၅၀၀ ဖြစ်​နေပြီ။”

အရင်နှစ်​တွေတုန်း​ကလည်း​ သင်္ကြန်ကာလမှာ ကား​ခ​ဈေး​တက်​လေ့​ရှိ​ပေမယ့်​ ဒီနှစ် အကြို​နေ့​မှာ ၅၀၀ ​ပေး​ရရင် အကြတ်​နေ့​မှာ ဒီထက်ကား​ခ​ဈေး​တက်မယ့်​သ​ဘောရှိတယ်လို့​ သူက ခန်း​မှန်း​ ​ပြောဆိုပါတယ်။

ဒီလို သင်္ကြန်တွင်း​ လိုင်း​ကား​ခ​တွေ ​ဈေး​တက်သွား​တဲ့​အတွက် သာမန်လက်လုပ်လက်စား​ သမား​တွေ အခက်အခဲဖြစ်နိုင်​ကြောင်း​လည်း​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013