A d v e r t i s e m e n t With Us

ပါကစ္စတန်တွင် မွတ်ဆလင်အမျိုးသမီးလို ဝတ်ဆင်၍ သေနတ်သမားများ ပစ်ခတ်၊ ၉ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ပါကစ္စတန် တာလီဘန် သေနတ်သမားတွေက တကိုယ်လုံးဖုံးထားတဲ့ ဘူရ်ခါ မွတ်ဆလင် ဝတ်စုံကို ဝတ်ဆင်ရုပ်ဖျက်ပြီး စိုက်ပျိုးရေး တက္ကသိုလ်ထဲကို ဒီနေ့ စီးနင်းပစ်ခတ်ခဲ့တာကြောင့် ၉ ဦး သေဆုံးပြီး လူ ၃၅ ဦး ဒဏ်ရာရတယ်လို့ ရဲတွေနဲ့ ဆေးရုံအရာရှိတွေက ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ပဲ့ရှ်ဝါမြို့က တိုက်ခိုက်မှုစပြီး ၂ နာရီအကြာမှာ ရဲနဲ့စစ်တပ်ကို ဆင့်ခေါ်ခဲ့တာလို့ စစ်တပ်ပိုင် မီဒီယာက ပြောပါတယ်။ ဒီလုပ်ရပ်ကို သူတို့လုပ်ကြောင်း ပါကစ္စတန်အခြေစိုက် တာလီဘန်တွေက ကြေညာခဲ့ပါတယ်။ သူတို့ဟာ စစ်တပ်ရဲ့ ထောက်လှမ်းရေးဌာန အခြေစိုက်ရာ နေရာကို ပစ်မှတ် ထားခဲ့တာလို့လည်း ပြောပါတယ်။ သေနတ်သမားတွေဟာ ဒေသတွင်း အမျိုးသမီးအများစု ဝတ်ဆင်တဲ့ ခေါင်းကနေ ခြေဖျားထိလုံတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ရုပ်ဖျက်ပြီး ဝင်လာခဲ့တယ်လို့ ပဲ့ရှ်ဝါရဲချုပ် တာဟီယာခန်းက ပြောပါတယ်။ တာလီဘန်တွေဟာ ပါကစ္စတန်အစိုးရကို ဖြုတ်ချပြီး တင်းကျပ်တဲ့ ရှရီးယားဥပဒေကို အသက်သွင်းဖို့ ကြိုးစားနေတာပါ။ သူတို့ဟာ အာဖဂန်နစ္စတန် အစိုးရကို ဖြုတ်ချပြီး ၂၀၀၁ ခုနှစ်အထိ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဖဂန် တာလီဘန်တွေနဲ့လည်း မဟာမိတ်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up