DVB Logo
Home
မြန်မာသတင်း
ရှေ့​ဆက် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ သမ္မတနှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်​ဆွေး​နွေး
DVB
·
April 12, 2012
ရှေ့​ဆက် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ သမ္မတနှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်​ဆွေး​နွေး
Donate to DVB

[caption id="attachment_24013" align="alignleft" width="300" caption="​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​သိန်း​စိန် ပထမအကြိမ် ​တွေ့​ဆုံခဲ့​စဉ်က"][/caption]

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန် ​တွေ့​ဆုံ ရာမှာ ​ရှေ့​ဆက်ပူး​ပေါင်း​ဆောင်ရွက်နိုင်မယ့်​ နည်း​လမ်း​တွေကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဧပြီ ၁၁ ရက်​နေ့​က ၁နာရီခွဲနီး​ပါး​ကြာ သမ္မတအိမ်​တော်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​ တာဝန်ခံ ဦး​ခွန်သာမြင့်​က ​ပြောပါတယ်။

“ကျ​နော်သိသ​လောက် စ​ဆွေး​နွေး​ဖို့​ သွား​တာကိုက ​ရှေ့​လျှောက်ဘယ်လို လက်တွဲပူး​ပေါင်း​ ​ဆောင်ရွက်ကြမလဲဆိုတာကို ညှိနှိုင်း​ဖို့​သွား​တာဆို​တော့​ အဲဒီအ​ကြောင်း​ပဲ ​ဆွေး​နွေး​ဖြစ်ပါတယ်။”

ဒီ​တွေ့​ဆုံမှုဟာ အစိုး​ရသစ်​နောက်ပိုင်း​ ဒုတိယအကြိမ်​တွေ့​ဆုံတာဖြစ်ပါတယ်။ ကြား​ဖြတ်​ရွေး​ကောက် ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အနိုင်ရပြီး​တဲ့​နောက် လွှတ်​တော်အစည်း​အ​ဝေး​တွေကို မတက်​ရောက်မီ ပထမဆုံး​အကြိမ် ပြန်လည်​တွေ့​ဆုံတာပါ။

သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ၂ ဦး​တည်း​ သီး​သန့်​တွေ့​ဆုံတာဖြစ်ပြီး​ ​တွေ့​ဆုံ​ဆွေး​ ​နွေး​မှု အ​သေး​စိတ်​တော့​ ထုတ်​ဖော်​ပြောကြား​ခဲ့​ခြင်း​ မရှိပါဘူး​။

တွေ့​ဆုံ​ဆွေး​နွေး​မှုအပြီး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သမ္မတဦး​သိန်း​စိန်မိသား​စုတို့​ အတူ ​နေ့​လယ်စာ သုံး​ဆောင်ခဲ့​ပြီး​ ည​နေပိုင်း​မှာ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့​ပါတယ်။ ပထမအကြိမ် ​တွေ့​ဆုံမှုအပြီး​မှာ အစိုး​ရက ​ရွေး​ကောက်ပွဲဥပ​ဒေ ပြင်ဆင်တာ၊​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တာ စတာ​တွေကို ပြုလုပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013