ဆူနာမီသတိပေးချက် ရုပ်သိမ်းခြင်း
DVB
·
April 11, 2012
မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်ထုတ်ပြန်ချက်
ဒီကနေ့ မြန်မာစံတော်ချိန် (၁၅) နာရီ (၁၂) မိနစ် (၀၂) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် မိုင် (၁၁၀၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြင်ပ (အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားမြောက်ပိုင်း) ပင်လယ်ပြင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး (၈.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ကြီးတခု လှုပ်ခတ်ခဲ့ပါသည်။
မြေငလျင်ကြီး၏ အင်အားပမာဏဟာ ဆူနာမီရေလှိုင်းများ ဖြစ်နိုင်ခြေရှိပြီး အခြား ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာန၏ သတင်းထုတ်ပြန်ချက်များအရ မြန်မာ့ကမ်းရိုးတန်း ရောက်ရှိလာနိုင်မည်ကို ခန့်မှန်းထားခဲ့ပါသည်။ သို့ရာတွင် ခန့်မှန်းထားသည့် အချိန်အတွင်း ရောက်ရှိလာခြင်းမရှိဘဲ ထူးခြားမှုမရှိခြင်းကြောင့် ဆူနာမီသတိပေးချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။