Home
မြန်မာသတင်း
ပုပ်ရဟန်းမင်းကြီးဖရန်စစ် စိန့်မေရီဘုရားကျောင်းတွင် မြန်မာလူငယ်များနှင့် တွေ့ဆုံ
DVB
·
November 30, 2017
ရိုမန်ကတ်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ မြန်မာနိုင်ငံတွင်းက ဘာသာဝင်လူငယ်တွေ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက စိန့်မေရီဘုရားကျောင်းမှာ ကျင်းပပါတယ်။ ဒီလို လူငယ်တွေအတွက် အဓိကရည်ရွယ်တဲ့ မစ္ဆားလူငယ်အထူးတရားပွဲကို ကြိုတင်မသိရှိခဲ့တဲ့အတွက် ဝင်ခွင့်ကဒ်မရရှိဘဲ အပြင်မှာ စောင့်ဆိုင်းနေကြရတဲ့လူငယ်တွေလည်း ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့မွန်းလွဲပိုင်းမှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်မှာ ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024