တရားဟောခွင့်ပိတ်ခံထားရတဲ့ ဒယ်အိုးဆရာတော် (၇) ရက် တရားချီးမြှင့်မည်
အေးနိုင်
·
April 11, 2012
မနှစ်ဒီဇင်ဘာ ၉ ရက်နေ့ကနေ တနှစ်တိတိ တရားဟောပြောခွင့်ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလဟာ ဆရာတော်ကြီးတွေထံ ခွင့်ပန်လျှောက်ထားပြီး ဧပြီ ၁၁ ရက်နေ့ကျနေ ၁၇ ရက်နေ့ထိ တနေ့ကို တရားပွဲနှစ်ပွဲချီးမြင့်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဟောပြောတဲ့တရားပွဲတခုမှာ တရားဟောပြောခွင့်ကို ပိတ်ပင်တာဟာ အလွန်အပြစ်ကြီးတဲ့အကြောင်း ပါရှိတဲ့အပေါ် ထေရဝါဒပိဋကတ်တော်တွေနဲ့မညီ. အာဏာပိုင်တွေကို ထိပါးပုတ်ခတ်တယ်လို့ အကြောင်းပြုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တနှစ်တရားဟောခွင့် ပိတ်ခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းတဲ့ ကိုအေးနိုင်ကို ဆရာတော်က မိန့်ကြားထားပါတယ်။