DVB Logo
Home
နိုင်ငံရေး
တပြည်လုံး​အပစ်အခတ်ရပ်မှ နိုင်ငံ​ရေး​ဆွေး​နွေး​မည်ဟု မွန်ပြည်သစ်ပါတီ​ပြော
DVB
·
April 11, 2012
Donate to DVB

အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်သစ်ပါတီတို့​ တပ်​နေရာချထား​ရေး​ကိစ္စနဲ့​ ​ဒေသဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေကို မွန်ပြည်နယ် ​မော်လမြိုင်မှာ ဒီ​နေ့​ ​ဆွေး​နွေး​ကြပါတယ်။

တပ်​နေရာချထား​ရေး​၊​ မူး​ယစ်​ဆေး​ဝါး​တား​ဆီး​ရေး​၊​ ​ဒေသဖွံ့​ဖြိုး​ရေး​၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လမ်း​ပန်း​ဆက်သွယ်​ရေး​နဲ့​ မွန်နိုင်ငံ​ရေး​ အကျဉ်း​သား​ ၂ ဦး​ ပြန်လွှတ်​ပေး​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ခဲ့​တယ်လို့​ ကိုယ်တိုင်​ဆွေး​နွေး​သူ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု​ဆောင် နိုင်တလညီက ​ပြောပါတယ်။

တပြည်လုံး​အပစ်အခတ်ရပ်မှသာ မွန်ပြည်သစ်ပါတီက နိုင်ငံ​ရေး​ဆွေး​နွေး​မယ်ဆိုတာ တင်ပြခဲ့​တယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​က ဒီနိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို တဖွဲ့​ချင်း​အ​နေနဲ့​ မ​ဆွေး​နွေး​ဘူး​ပေါ့​နော်။ လာမယ့်​ဒီဇင်ဘာလထိ အဖွဲ့​အစည်း​အား​လုံး​က အပစ်အခတ် ရပ်စဲ​ရေး​မလုပ်နိုင်ဘူး​ ဆိုရင်​တော့​ အပစ်အခတ် ရပ်စဲ​ရေး​လုပ်ပြီး​တဲ့​ တခြား​တိုင်း​ရင်း​သား​ အဖွဲ့​တွေနဲ့​ နိုင်ငံ​တော်အစိုး​ရဘက်ကလည်း​ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​က သ​ဘောတူညီချက်ရတာ​လေ။ ကျ​နော်တို့​အဖွဲ့​အ​နေနဲ့​ တပြည်လုံး​ အပစ်အခတ် ရပ်စဲ​ရေး​လုပ်ငန်း​ ဖြစ်စဉ်​ဆွေး​နွေး​ပွဲအတွက်​တော့​ နိုင်ငံ​တော်ဘက်က တပြည်လုံး​အတိုင်း​အတာ ​ဖော်​ဆောင်တဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ကိုသာ စီမံ​ပေး​သင့်​တယ်လို့​ ကျ​နော်တို့​အ​နေနဲ့​ တင်ပြခဲ့​ပါတယ်။”

မွန်ပြည်နယ်၊​ ကရင်ပြည်နယ် နဲ့​ တနင်္သာရီတိုင်း​ဒေသကြီး​ စတဲ့​ဒေသ​တွေမှာ ပါတီ ဆက်ဆံ​ရေး​ရုံး​ ၆ ခု ဖွင့်​ခဲ့​ပြီး​ကြောင်း​၊​ မွန်ပြည်နယ်ထဲက လမ်း​တချို့​ပြုပြင်ဖို့​နဲ့​ ​ဖောက်ခွဲမှုနဲ့​ ဖမ်း​ဆီး​ခံထား​ရတဲ့​ မွန်နိုင်ငံ​ရေး​အကျဉ်း​သား​ နိုင်မျိုး​သွေး​ နဲ့​ နိုင်ယက္ခတို့​ ပြန်လွှတ်​ပေး​ရေး​ကိစ္စကို သမ္မတကြီး​ဆီ ဆက်ပြီး​တင်ပြ​ပေး​မယ်လို့​ ဝန်ကြီး​ ဦး​အောင်မင်း​က ​ပြောသွား​ကြောင်း​ နိုင်တလညီက ​ပြောပါတယ်။

မွန်ပြည်သစ်ပါတီ တွဲဘက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ၁ နိုင်​အောင်မင်း​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ဦး​ဆောင်တဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​မော်လမြိုင်မြို့​ မွန်ပြည်နယ်အစိုး​ရအဖွဲ့​ရုံး​ အစည်း​အ​ဝေး​ခန်း​မမှာ ဒီ​နေ့​မနက်ပိုင်း​က ၂ နာရီနီး​ပါး​ ​တွေ့​ဆုံခဲ့​တာပါ။

နောက်တကြိမ် ​ဆွေး​နွေး​ပွဲရက်ကို အတိအကျ မသတ်မှတ်ရ​သေး​ပေမယ့်​ လာမယ့်​ ​မေလ​လောက်မှာ လျာထား​တယ်လို့​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်ခဲ့​သူတဦး​က ​ပြောပါတယ်။

တန်း​တူညီမျှ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ရရှိ​ရေး​အတွက် ဆယ်စုနှစ်​ပေါင်း​များ​စွာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့​တဲ့​ မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်က စစ်အစိုး​ရနဲ့​ အပစ်အခတ်ရပ် သ​ဘောတူခဲ့​ဖူး​ပေမယ့်​ နယ်ခြား​စောင့်​တပ်စီမံချက်ကို လက်မခံလို့​ အ​ခြေအ​နေ​တွေ တင်း​မာခဲ့​ပါတယ်။ ဒီနှစ် ​ဖေ​ဖော်ဝါရီ ၂၅ ရက်​နေ့​တုန်း​က အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013