DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီ ဆက်​ပေး​ရန် ပြည်ပအဖွဲ့​များ​ တိုက်တွန်း
DVB
·
April 11, 2012
နိုင်ငံတကာအကူအညီ ဆက်​ပေး​ရန် ပြည်ပအဖွဲ့​များ​ တိုက်တွန်း
Donate to DVB

နိုင်ငံတကာ​ထောက်ပံ့​ရေး​အဖွဲ့​တွေက ရန်ပုံ​ငွေ​တွေ ​လျှော့​ချတာကို ပြန်သုံး​သပ်ပြီး​ ပြန်လည်​ပေး​ဖို့​ ပြည်ပနဲ့​ နယ်စပ်တ​လျှောက် လှုပ်ရှား​နေတဲ့​ အဖွဲ့​တွေ စုပြီး​ ​တောင်း​ဆိုပန်ကြား​လိုက်ပါတယ်။

[caption id="attachment_22008" align="alignleft" width="282" caption="ကချင်စစ်ပြေး ဒုက္ခသည်များ"][/caption]

မြန်မာနိုင်ငံအတွင်း​ ဖြစ်ထွန်း​မှု​တွေအ​ပေါ် အ​ခြေပြုပြီး​ နိုင်ငံတကာ အလှူရှင်​တွေက ​ထောက်ပံ့​ငွေ​တွေ ​လျှော့​ချဖြတ်​တောက်လိုက်တာဟာ ဒီ​ထောက်ပံ့​ငွေ​တွေအ​ပေါ်မှာ အမှီပြု​နေတဲ့​ ဒုက္ခသည် ​သောင်း​ပေါင်း​များ​စွာကို ထိခိုက်​စေတာ​ကြောင့်​ ပြန်လည်သုံး​သပ်ပြီး​အလှူ​ငွေဆက်​ပေး​ဖို့​ ပန်ကြား​လိုက်ကြတာပါ။

 

နယ်စပ်​ဒေသနဲ့​ ပြည်တွင်း​ဒုက္ခသည်​တွေအ​ရေး​ ​ဆောင်ရွက်​ပေး​နေတဲ့​ လူထုအ​ခြေပြု အဖွဲ့​ပေါင်း​ ၃၆ ဖွဲ့​ဟာ ထိုင်း​-မြန်မာနယ်စပ်တ​နေရာမှာ ​တွေ့​ဆုံပြီး​ ၁၀ ရက်​နေ့​ ​နေ့​စွဲနဲ့​ ​ကြေညာချက်တ​စောင် ထုတ်ပြန်ပန်ကြား​ခဲ့​တာပါ။

အစိုး​ရက ငြိမ်း​ချမ်း​ရေး​၊​ အပစ်အခတ်ရပ်စဲ​ရေး​၊​ ပြည်ပရင်း​နှီး​မြှုပ်နှံမှု​တွေ စတင်​ဆောင်ရွက်လာတဲ့​အတွက် အလှူရှင်​တွေက အရင်က ​ထောက်ပံ့​နေကျ ရန်ပုံ​ငွေ​တွေ ​လျှော့​ချလိုက်ပါတယ်။ ဒါ​ပေမယ့်​ ဒုက္ခသည်​တွေ အိမ်မပြန်နိုင်​သေး​သလို သူတို့​ဘဝ တည်ငြိမ်​အေး​ချမ်း​မှုမရှိ​သေး​ပါဘူး​လို့​ ​ကြေညာချက်ထုတ်ပြန်​ရေး​အဖွဲ့​က ​ပြောခွင့်​ရ စိုင်း​ခေး​ဆိုင်က ​ပြောပါတယ်။

“သိန်း​ချီပြီး​တော့​ နယ်စပ်မှာ ထွက်​ပြေး​လာတဲ့​ ဒုက္ခသည်​တွေ၊​ ​နောက်ပြည်တွင်း​ထဲမှာ ​တောထဲမှာ ​ရှောင်ပုန်း​နေထိုင်​နေတဲ့​ ဒုက္ခသည်​တွေ၊​ လတ်တ​လော ပစ်ခတ်တိုက်ခိုက်မှု​ကြောင့်​ ထွက်​ပြေး​နေတဲ့​ ပြည်တွင်း​ဒုက္ခသည်​တွေ အဲဒါ​တွေနဲ့​ဆို သန်း​နဲ့​ချီရှိတယ်။ အဲဒီလူ​တွေက​တော့​ အခု​လော​လောဆယ်မှာ ပြန်လို့​လည်း​ မရ​သေး​ဘူး​။ ဆက်သွား​လို့​လည်း​ မဖြစ်ဘူး​။ ဒါ​ကြောင့်​မို့​ အကူအညီမရှိရင် ဘယ်လိုမှ ရပ်တည်​နေနိုင်မှာမဟုတ်ဘူး​။”

အလှူရှင်​တွေအ​နေနဲ့​လည်း​ လူသား​ချင်း​ စာနာ​ထောက်ထား​မှု အကူအညီ​ပေး​ရာမှာ ထိခိုက်နစ်နာမှု မလုပ်မိ​စေဖို့​၊​ ​ထောက်ပံ့​ကူညီမှု​တွေကို အပစ်အခတ်ရပ်စဲ​ရေး​ လုပ်ငန်း​စဉ်မှာ အသုံး​ချဖို့​ ဖိအား​ပေး​တာမျိုး​ မလုပ်သင့်​သလို ပဋိပက္ခဖြစ်ပွား​နေတဲ့​ နယ်​မြေက အ​ရေး​တကြီး​လိုအပ်​နေတဲ့​အကူအညီ​တွေ ဆက်​ပေး​ဖို့​ကိုလည်း​ ​ဆွေး​နွေး​အကြံပြုခဲ့​ပါတယ်။

မြန်မာပြည်မှာ အပစ်အခတ်ရပ် လက်မှတ်​တွေထိုး​တဲ့​ကြား​က တိုက်ပွဲ​တွေဖြစ်​နေတာ၊​ အစိုး​ရရဲ့​ အကြီး​စား​ဖွံ့​ဖြိုး​ရေး​ စီမံကိန်း​တွေမှာ ပြည်သူ​တွေရဲ့​ အကျိုး​စီး​ပွား​တိုး​တက်လာတာ မ​တွေ့​ရတဲ့​အပြင် သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ပြီး​ ပြည်သူ​တွေက ​မြေယာ​ပြောင်း​ရွှေ့​ခံရတာ၊​ သွား​လာ​ရေး​ ကန့်​သတ်ချုပ်ချယ်ခံရတာ၊​ အဓမ္မလုပ်အား​ပေး​ ခိုင်း​စေ ခံရတာ​တွေ ရှိ​နေတယ်လို့​ အဲဒီ​ကြေညာချက်က ဆိုပါတယ်။

နိုင်ငံတကာ ​ချေး​ငွေ​တွေဟာ ပြည်သူ​တွေအ​ပေါ် ပိုပြီး​ဝန်ထုတ်ဝန်ပိုး​ ဖြစ်​စေတာ​ကြောင့်​ အစိုး​ရဖွံ့​ဖြိုး​ရေး​ စီမံကိန်း​လုပ်ကိုင်ရာမှာ အ​ဆောက်အအုံဖွံ့​ဖြိုး​ရေး​ထက် လူသား​ရင်း​မြစ်ဖွံ့​ဖြိုး​ရေး​၊​ ပြည်သူ့​စွမ်း​ရည်မြှင့်​တင်​ရေး​လုပ်ငန်း​တွေ ဦး​စား​ပေး​သင့်​ကြောင်း​ လူထုအ​ခြေပြုအဖွဲ့​က အစိုး​ရကို တိုက်တွန်း​ခဲ့​တယ်လို့​ စိုင်း​ခေး​ဆိုင်က ဆက်​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013