Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 29, 2017
ဖျာပုံပေါ်ဆန်းမွှေး ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ဖျာပုံပေါ်ဆန်းမွှေးက ၁ အိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဧည့်မထ ၂၅ မှတ် ဧည့်မထ ၂၅ မှတ် ဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၉,၅၀၀ ရှိပါတယ်။ ကြက်သွန်နီ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၄၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂,၇၅၀ ကျပ်ကနေ ငွေကျပ် ၃,၀၅၀ ရှိပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၂၅၀ ကျပ်ကနေ ငွေကျပ် ၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ နှမ်းနက် မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်က ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ရှိပါတယ်။ ပန်းနှမ်း ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ၅၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၇,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ စီပီပြောင်း လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၄၃၀ ကျပ်ကနေ ၄၆၀ ကျပ်ရှိပါတယ်။ ရွှေပဲသီး အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ရွှေပဲသီးက ၁ ပိဿာကို ၈၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၃,၅၀၀ ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024