Home
မြန်မာသတင်း
ကျောက်မီးသွေးတွင်းတွင် ပိတ်မိနေသူများထဲမှ အမျိုးသားအလောင်း ၄ လောင်း ထပ်မံရရှိ
DVB
·
November 29, 2017
မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ် ဟန်ထက်ကုမ္ပဏီမှ တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၆ ဦးထဲက အမျိုးသားအလောင်း ၄ လောင်းကို နိုဝင်ဘာ ၂၈ ရက်နေ့က ထပ်မံဆယ်ယူရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျောက်မီးသွေးတွင်း လေပိုက်ပေါက်ကာ အောက်စီဂျင်ပြတ်ပြီး တရုတ်နိုင်ငံသား ၂ ဦး အပါအဝင် ကျောက်မီးသွေးလုပ်သား ၁၂ ဦး ပိတ်မိခဲ့ပါတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးကို အသက်ရှင် ကယ်ဆယ်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းကတော့  အမျိုးသားအလောင်း ၂ လောင်း ဆယ်ယူရရှိခဲ့ပါတယ်။ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေရာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်မှာ ကျောက်မီးသွေးလုပ်သား ကျော်မင်းနဲ့ ဝင်းဌေး၊ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ကျော်စိုး၊ ညနေ ၅ နာရီခွဲမှာ ကျော်မြင့်တို့ ၄ ဦးတို့ရဲ့ အလောင်းတွေကို ဆယ်ယူရရှိခဲ့ပြီး ကျန် ၂ ဦးကို ထပ်မံဆယ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်အောင်မိုးဟိန်းက ပြောပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024