DVB Logo
Home
မြန်မာသတင်း
ဦး​ခင်ညွန့်​ အင်တာဗျူး​မ​ပေး​ဘူး​ဆိုသည့်​ ​ပြောကြား​ချက် ဘန်​ကောက်ပို့​စ် ငြင်း​ဆို
DVB
·
April 11, 2012
ဦး​ခင်ညွန့်​ အင်တာဗျူး​မ​ပေး​ဘူး​ဆိုသည့်​ ​ပြောကြား​ချက် ဘန်​ကောက်ပို့​စ် ငြင်း​ဆို
Donate to DVB

၂၀၀၃ ခု ဒီပဲယင်း​အကြမ်း​ဖက်မှုဖြစ်စဉ်က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကယ်တင်ဖို့​ လူလွှတ်ခဲ့​တယ်လို့​ စစ်​ထောက်လှမ်း​ရေး​အကြီး​အကဲ​ဟောင်း​ ဦး​ခင်ညွန့်​က ​ပြောဆိုခဲ့​တယ်ဆိုတဲ့​ ထိုင်း​နိုင်ငံထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာပါ ​ရေး​သား​ချက်ဟာ မှား​ယွင်း​တယ်လို့​ မြန်မာအစိုး​ရက ဒီက​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောပါတယ်။

[caption id="attachment_19958" align="alignleft" width="254" caption="ဦးခင်ညွန့်​ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က"][/caption]

ဧပြီ ၈ ရက်​နေ့​ထုတ် ထိုင်း​နိုင်ငံ ဘန်​ကောက်ပို့​စ် သတင်း​စာပါ ဦး​ခင်ညွန့်​အ​ကြောင်း​ ​ဆောင်း​ပါး​တခုမှာ ဒီပဲယင်း​ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်း​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကယ်တယ်ဖို့​ လူလွှတ်လိုက်တယ်လို့​ ဦး​ခင်ညွန့်​က ​ပြောဆိုတယ်ဆိုပြီး​ ​ရေး​သား​ခဲ့​ပါတယ်။

အဲဒီ​ဆောင်း​ပါး​အ​ပေါ် ဒုရဲမှူး​ကြီး​ဝင်း​နိုင် အပါအဝင် ပြည်ထဲ​ရေး​ဝန်ကြီး​ဌာန တာဝန်ရှိသူ​တွေက ဦး​ခင်ညွန်အ​နေနဲ့​ ဘန်​ကောက်ပို့​စ်ကို အင်တာဗျူး​ပေး​ခဲ့​ခြင်း​ မရှိဘူး​လို့​ ဒီက​နေ့​ ရှင်း​လင်း​ပြောဆိုခဲ့​တာပါ။

အဲဒီ​ဆောင်း​ပါး​ကို ပြည်ပအ​ခြေစိုက် ဦး​မြင့်​ရွှေနဲ့​ Songpol Kaopatumtip တို့​ ပူး​ပေါင်း​ ​ရေး​သား​ခဲ့​တာ ဖြစ်ပါတယ်။

ဒီ​ဆောင်း​ပါး​ကို တာဝန်ခံတဲ့​ ဘန်​ကောက်ပိုစ်သတင်း​စာရဲ့​ အချပ်ပို Spectrum ကဏ္ဍ အယ်ဒီတာက ဒီက​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အစိုး​ရတာဝန်ရှိသူ​တွေရဲ့​ ​ပြောကြား​ချက်ကို ငြင်း​ဆိုလိုက်ပါတယ်။

ဒီ​ဆောင်း​ပါး​ကို ​ရေး​သား​ရာမှာ ပါဝင်ခဲ့​သူတဦး​ဖြစ်တဲ့​ Songpol Kaopatumtip ကိုလည်း​ ဒီဗွီဘီက ​မေး​မြန်း​ရာမှာ ဦး​မြင့်​ရွှေ ကိုယ်တိုင် မြန်မာနိုင်ငံကို သွား​ရောက်ခဲ့​ပြီး​ ဦး​ခင်ညွန့်​အိမ်မှာ အင်တာဗျူး​ပြုလုပ်ခဲ့​တယ်လို့​ ​ပြောပါတယ်။

“မတ်လလယ်​လောက်မှာ အင်တာဗျူး​ခဲ့​တာပါ။ အ​သေချာ​တော့​ မမှတ်မိ​တော့​ပါဘူး​။”

ဦး​ခင်ညွန့်​ဟာလည်း​ ဒီ​ဆောင်း​ပါး​အ​ကြောင်း​ အင်တာနက်နဲ့​ မီဒီယာ​တွေမှာ ပါရှိပြီး​တဲ့​နောက် တိုက်တိုက်ဆိုင်ဆိုင် သာသနာ့​ဘောင်ကို ဝင်​ရောက်ခဲ့​တဲ့​အတွက် ဆက်သွယ်​မေး​မြန်း​ဖို့​ ခက်ခဲ​နေပါတယ်။

၂၀၀၃ ခုနှစ် ​မေ ၃၀ ရက်ညက စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​မြို့​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ စည်း​ရုံး​ရေး​ယာဉ်တန်း​ကို အမည်မသိ သူ​တွေက အကြမ်း​ဖက်တိုက်ခိုက်ခဲ့​လို့​ လူတချို့​ ​သေ​ပျောက်ဒဏ်ရာရခဲ့​သလို တပ်မ​တော်အစိုး​ရက ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် တိုက်ခိုက်ခံရသူ​တွေကို အ​ရေး​ယူ​ထောင်ချခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013