တရားခံပြေး ဘင်္ဂါလီတဦး ရန်ကုန်လေဆိပ်၌ ဖမ်းမိ
DVB
·
November 28, 2017
ရခိုင်ပြည်နယ်၊ ငါးခူရနယ်မြေရဲစခန်းက အလိုရှိနေတဲ့ တရားခံပြေး ဘင်္ဂါလီ ၁ ဦးကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ ရန်ကုန်လေဆိပ်သို့ မလေးရှားလေကြောင်းလိုင်းနဲ့ ရောက်ရှိလာတဲ့ တရားခံပြေး ကျော်မြင့်(ခ) မော်လဝီမိုဟာမတ်ဒူလ္လာ ဆိုသူကို ရန်ကုန်လေဆိပ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
တရားခံပြေးကို မင်္ဂလာဒုံရဲစခန်းကနေ ငါးခူရနယ်မြေရဲစခန်းကို လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
Photo : Ministry of Home Affairs, Myanmar