A d v e r t i s e m e n t With Us

ဆူနာမီ ​ရေလှိုင်း​တက်လာနိုင်ဟု မိုး​လေဝသဌာန ​ကြေညာ (​မေး​မြန်း​ချက်)

ဒီ​နေ့​ည​နေ ၃ နာရီ ၈ မိနစ်အချိန်မှာ အင်ဒိုနီး​ရှား​နိုင်ငံ ဆူမား​တြား​ကျွန်း​ အ​နောက်​တောင်ဘက် ၂၆၈ မိုင်အတွင်း​ရှိ ပင်လယ်ပြင် ​အောက်ခံ​မြေပြင်​ပေါ်တွင် အင်အား​ ရစ်ခ်ျတာစ​ကေး​ (၈.၇)ရှိ အင်အား​အလွန်ပြင်း​ထန်​သော ​ရေ​အောက် ငလျင်တခု လှုပ်ခတ်သွား​ခဲ့​ကြောင်း​ သိရပြီး​ ဆူနာမီ သတိ​ပေး​ချက်များ​လည်း​ ထုတ်ပြန်​နေပြီဖြစ်​ကြောင်း​ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း​ မြန်မာစံ​တော်ချိန် ည​နေ ၃ နာရီကစပြီး​ ​နောက် ၂ နာရီအတွင်း​ ဆူနာမီ​ရေလှိုင်း​တွေ တက်လာနိုင်တယ်လို့​ မိုး​လေဝသဌာနက ​ကြေညာချက် ထုတ်ပြန်ထား​ကြောင်း​ လ/ထ ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ဒီဗွီဘီကို ​ပြောပါတယ်။ အထူး​သဖြင့်​ မြစ်ဝကျွန်း​ပေါ်​ဒေသ​တွေ စိုး​ရိမ်ရတယ်လို့​လည်း​ ​ပြောပါတယ်။ ဦး​ချစ်​ကျော်နှင့်​ ​မေး​မြန်း​ချက် ငလျင်နဲ့​ပတ်သက်ပြီး​ ပြည်တွင်း​မှာ ဘယ်လို​ကြေညာချက် ထုတ်ထား​လဲ။ “​ကြေညာချက်က​တော့​ ၃ နာရီ ၂ မိနစ်မှာ ၉၂ ဒဿမ ၉ နဲ့​၊​ ၉၂ ​ပေါ့​။ ဆူမား​တြား​ကျွန်း​ရဲ့​ အ​နောက်​တောင်ဘက်ကို ဗဟိုပြုပြီး​တော့​ အင်အား​ပြင်း​တဲ့​ ​မြေငလျင်ကြီး​တခု လှုပ်သွား​တယ်။ အဲဒီလှုပ်သွား​တဲ့​ ​မြေငလျင်က ဆူနာမီ ဖြစ်​ပေါ်​စေနိုင်တဲ့​အတွက် ဒီသတင်း​ထုတ်ပြန်တဲ့​ အချိန်ကစပြီး​ ​နောက် ၂ နာရီ အတွင်း​မှာ မြန်မာ့​ကမ်း​ရိုး​တမ်း​ကို ဆူနာမီ​ရေလှိုင်း​များ​ ​ရောက်ရှိလာနိုင်တဲ့​အတွက် ကမ်း​နား​နေပြည်သူများ​ ဆူနာမီ​ရေလှိုင်း​ကာကွယ်​ရေး​ စီမံချက်အတိုင်း​ ​ဆောင်ရွက်ရန် သတိ​ပေး​နှိုး​ဆော်ပါသည်ဆိုပြီး​ ထုတ်လိုက်တယ်။ မြန်မာ့​ရုပ်မြင်သံကြား​မှာ စာတမ်း​ထိုး​ထား​ပေး​တယ်။” ကျ​နော်တို့​နိုင်ငံမှာ ဘယ်မြို့​တွေ ငလျင်လှုပ်သွား​လဲ။ “ငလျင်လှုပ်တာ အကုန်လုံး​ ကမ်း​ရိုး​တမ်း​ဘက်က အကုန်ခံစား​ရတယ်။” ပြင်း​အား​ ဘယ်​လောက်ရှိလဲ။ “၈ ဒဿမ ၉၊​ ​မြေငလျင်က ဘယ်​နေရာလှုပ်လှုပ် ပြင်း​အား​က အတူတူပဲ။” ငလျင်နဲ့​ပတ်သက်ပြီး​ ​ပြောစရာရှိရင် ​ပြော​ပေး​ပါ။ “ကမ်း​ရိုး​တမ်း​က လူထု​တွေ ​ချောင်း​သာတို့​၊​ စစ်​တွေ၊​ ​ကျောက်ဖြူတို့​ လှမ်း​ပြောထား​တယ်။ ဒါ​ပေမယ့်​ တကယ်စိုး​ရိမ်ရတာက မြစ်ဝကျွန်း​ပေါ်​ပေါ့​။ အရင် အင်ဒိုနီး​ရှား​ငလျင်လှုပ်တဲ့​ ဆူနာမီတုန်း​ကလည်း​ မြစ်ဝကျွန်း​ပေါ်က ခံစား​ရတယ်။ ခံစား​ရသလို ဆူနာမီ​ရေလှိုင်း​တွေလည်း​ ​ရောက်တယ်။ လူ​တွေ​သေခဲ့​ဖူး​တယ်။ ပြီး​ခဲ့​တဲ့​ မတ်လထဲက ဒါ​တွေနဲ့​ပတ်သက်ပြီး​ သင်တန်း​ပို့​ချခဲ့​တယ်။ သူတို့​လည်း​ ဗဟုသုတ​တွေ ရ​နေတာ​ပေါ့​။ အခု ဒီသတင်း​ထုတ်လိုက်​တော့​ အကုန်လုံး​ ပြင်ဆင်ပြီး​ အဆင်သင့်​ဖြစ်​အောင် ၃ နာရီခွဲ​လောက်ကတည်း​က လုပ်​နေကြတယ်။ အဲဒီက မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ကိုလည်း​ တိုက်ရိုက် ဖုန်း​နဲ့​လှမ်း​ဆက်ပြီး​တော့​ လှမ်း​ပြောထား​တယ်။ ကမ်း​ရိုး​တမ်း​ဘက်က​တော့​ အထူး​ဂရုစိုက်လုပ်​နေတယ်။ တချို့​သော ဆူနာမီသတင်း​ ထုတ်ပြန်တဲ့​ဌာန​တွေက​တော့​ မြန်မာနိုင်ငံဘက်ကို အင်အား​များ​များ​နဲ့​ မလာနိုင်ဘဲနဲ့​ သီရိလင်္ကာနဲ့​ ထိုင်း​ဘက်ကို များ​များ​သွား​မယ်လို့​ ​ပြော​နေတယ်။ သို့​သော်လည်း​ ကမ်း​ရိုး​တမ်း​နေတဲ့​သူ​တွေကို အကုန်လုံး​ တပ်လှန့်​အသိ​ပေး​ပြီး​တော့​ စီမံချက်အတိုင်း​ ဆူနာမီဖြစ်ရင် ကြိုတင်​ဆောင်ရွက်နိုင်​အောင် ​ရေဒီယိုက​ကော တယ်လီဖုန်း​နဲ့​ကော သက်ဆိုင်ရာ ​ဒေသအာဏာပိုင်ကတဆင့်​ကော လှမ်း​ပြီး​တော့​ ကျ​နော်တို့​ အသိ​ပေး​ချက်​တွေ လုပ်​နေပါတယ်။”

A d v e r t i s e m e n t With Us

More News
Up