A d v e r t i s e m e n t With Us

တရုတ်တွင် ကုန်သင်္ဘော ၂ စီး တိုက်မိ၊ သင်္ဘောသား ၁၂ ဦး ပျောက်ဆုံး

ဓာတ်ပုံ - TakePart
တရုတ်နိုင်ငံတောင်ပိုင်းက ပုလဲမြစ်ကမ်းပါးမှာ နိုဝင်ဘာ ၂၇ ရက် အစောပိုင်းက ကုန်သင်္ဘော ၂ စီး တိုက်မိပြီး သင်္ဘောသား ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ အစီရင်ခံထားပါတယ်။ သင်္ဘော ၂ စီးလုံးက သင်္ဘောသား ၁၃ ဦးကို ကယ်ဆယ်ခဲ့ပြီး သင်္ဘောတစီးက နစ်မြုပ်ခဲ့ကာ နောက်တစီးက သောင်တင်ခဲ့တာပါ။ သင်္ဘော ၂ စီးလုံးဟာ ကုန်စည် တန်ချိန် ၅ ထောင်ကျော် တင်ဆောင်နိုင်စွမ်း ရှိပါတယ်။ ကွမ်တုံပြည်နယ် ပင်လယ်ပြင်ဘေးကင်းရေး အာဏာပိုင်အဖွဲ့က အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို မနေ့ အစောပိုင်းတည်းက ဆောင်ရွက်ခဲ့တာပါ။ ကယ်ဆယ်ရေးအတွက် သင်္ဘောနဲ့ လှေအစီး ၃၀ နဲ့ ရဟတ်ယာဉ်တစီးကို တာဝန်ချထားတယ်၊ ပင်လယ်ပြင်က ၅၀ စတုရန်းကီလိုမီတာ အကျယ်ကို သူတို့ ပေါင်းပြီးရှာနေတယ်၊ အထူးရေငုပ်သမားတွေက ရေအောက်ငုပ်ပြီး ရှာနေပြီလို့ ကွမ်တုံ ပင်လယ်ဘေးကင်းရေး အာဏာပိုင်အဖွဲ့ ရှာဖွေကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး စိုက်ကျန့်ပြောင်းက ပြောပါတယ်။ သင်္ဘောချင်းတိုက်ရတဲ့ အကြောင်းရင်းကို ရေလမ်းကြောင်းသွားလာမှု အာဏာပိုင်တွေက စတင် စုံစမ်းစစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up