DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အ​ပြောင်း​အလဲများ​ ​နောက်ပြန်မလှည့်​နိုင်​တော့​ဟု အိုင်စီဂျီအဖွဲ့​ဆို
DVB
·
April 11, 2012
မြန်မာပြည်အ​ပြောင်း​အလဲများ​ ​နောက်ပြန်မလှည့်​နိုင်​တော့​ဟု အိုင်စီဂျီအဖွဲ့​ဆို
Donate to DVB

မြန်မာပြည်မှာ နှစ်​ပေါင်း​ ၅၀ ကြာ အာဏာရှင်စနစ်က​နေ လမ်း​ခွဲပြီး​ နိုင်ငံ​ရေး​၊​ လူမှု​ရေး​၊​ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ရဲရဲရင့်​ရင့်​ လုပ်​ဆောင်​နေတာ​တွေဟာ ​နောက်​ကြောင်း​ပြန်စရာ အ​ကြောင်း​မမြင်​တော့​ဘူး​လို့​ အိုင်စီဂျီလို့​ အတို​ကောက်​ခေါ်တဲ့​ နိုင်ငံတကာ ပဋိပက္ခ​ဖြေရှင်း​ရေး​ သု​တေသနနဲ့​ အကြံ​ပေး​ အဖွဲ့​က ဆိုလိုက်ပါတယ်။

ဒါ​ကြောင့်​ မြန်မာပြည်အ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​တာ​တွေကို မဆိုင်း​မတွ ချက်ချင်း​ ရုပ်သိမ်း​ပေး​ဖို့​နဲ့​ အ​ပြောင်း​အလဲကို ဝိုင်း​ဝန်း​ကူညီကြဖို့​ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲမြို့​အ​ခြေစိုက် အဖွဲ့​က တိုက်တွန်း​လိုက်ပါတယ်။

ဗုဒ္ဒဟူး​နေ့​မှာ ထွက်လာတဲ့​ "Reform in Myanmar: One Year On," (မြန်မာပြည်က ပြုပြင်​ပြောင်း​လဲခြင်း​ ၁ နှစ်ခန့်​ကြာ​သောအခါ) အစီရင်ခံစာသစ်မှာ အား​လုံး​လွှမ်း​ခြုံတဲ့​ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေ​ကြောင့်​ မြန်မာပြည်ရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ​နှောင့်​နှေး​စေလိမ့်​မယ်လို့​ သတိ​ပေး​ထား​ပါတယ်။

မြန်မာပြည်မှာ အ​ပြောင်း​အလဲ​တွေလုပ်ဖို့​ အတန်ကြာကတည်း​က ​တောင်း​ဆို​နေတဲ့​ အ​နောက်နိုင်ငံ​တွေအ​နေနဲ့​ အခုအချိန်မှာ တတ်နိုင်သ​လောက် ကူညီဖို့​လိုပြီး​ အ​ရေး​အကြီး​ဆုံး​ ​ခြေလှမ်း​က​တော့​ ဒဏ်ခတ်ပိတ်ဆို့​ထား​တာ​တွေကို ချက်ချင်း​ရုပ်သိမ်း​ပေး​ဖို့​ ဖြစ်တယ်လို့​ အဖွဲ့​က ​ထောက်ပြထား​ပါတယ်။

ဒီအ​တောအတွင်း​မှာ အရင်စစ်အစိုး​ရလက်ထက်ကတည်း​က မြန်မာပြည်ကို ဥ​ရောပသမဂ္ဂ (အီး​ယူ)က ဒဏ်ခတ်ပိတ်ဆို့​ထား​တွေကို သိသိသာသာ ​လျှော့​ပေါ့​ပေး​ဖို့​လည်း​ စဉ်း​စား​နေတယ်လို့​ ဆိုထား​သလို အ​မေရိကန် ပြည်​ထောင်စုကလည်း​ ဒဏ်ခတ်ပိတ်ဆို့​ထား​တာ​တွေထဲက တချို့​ကို ​ရွေး​ချယ်ပြီး​ ရုပ်သိမ်း​ပေး​မယ်လို့​ ပြီး​ခဲ့​တဲ့​အပတ်က ​ကြေညာခဲ့​ပါတယ်။

ဧပြီ ၁ ရက်​နေ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ခေါင်း​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အနိုင်ရပြီး​နောက် အ​မေရိကန်က သံတမန် ဆက်ဆံ​ရေး​မြှင့်​တင့်​ဖို့​ ​ကြေညာခဲ့​သလို၊​ ဗြိတိသျှဝန်ကြီး​ချုပ် ​ဒေး​ဗစ်ကင်မရွန်း​လည်း​ ဒီတပတ်ထဲမှာပဲ မြန်မာပြည်ကို ​ရောက်လာဖို့​ ရှိ​နေပါတယ်။

မြန်မာပြည်ကို တနင်္လာ​နေ့​က ​ရောက်ပြီး​ သမ္မတဦး​သိန်း​စိန်၊​ လွှတ်​တော် အကြီး​အကဲတို့​နဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ကလည်း​ မြန်မာအစိုး​ရရဲ့​ အ​ပေါင်း​လက္ခဏာလုပ်​ဆောင်ချက်​တွေ အတွက် ဆုလာဘ်အဖြစ် အ​မေရိကန်မူဝါဒမှာ အ​ပြောင်း​အလဲ ဖြစ်လာ​အောင် သူရဲ့​ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့​ တိုင်ပင်​ဆောင်ရွက်သွား​မယ်လို့​ မြန်မာပြည်က မပြန်ခင်မှာ သတင်း​ထောက်​တွေကို ​ပြောပါတယ်။

အ​မေရိကန်ပြည်​ထောင်စုနဲ့​ မြန်မာပြည်တို့​ ကြား​ထဲမှာ စီး​ပွား​ရေး​အရ၊​ သံတမန်​ရေး​အရ တင်း​ပြည့်​ကျပ်ပြည့်​ ဆက်ဆံ​ရေး​တိုး​မြှင့်​တာမျိုး​ကို မြင်ချင်တယ်လို့​ မစ္စတာ ဂျင်ဝက်ဘ်က ဆိုပါတယ်။

ဒီလို ဆုလာဘ်​ပေး​ခြင်း​အား​ဖြင့်​ မြန်မာပြည်မှာ ​နောက်ထပ် အ​ပြောင်း​အလဲ​တွေ အတွက် အစိုး​ရကို စည်း​ရုံး​ရာလည်း​ ​ရောက်မယ်လို့​ အ​မေရိကန် အထက်လွှတ်​တော်အမတ်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013