ဆရာထင်လင်းဦး၏ စာအုပ်လက်မှတ်ရေးထိုးပွဲ ကျင်းပ
DVB
·
November 26, 2017
ဆရာထင်လင်းဦး (Wisdom Villia) ရဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲနဲ့ ရေးသူဖတ်သူဆွေးနွေးပွဲကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်းက ဦးဆောင်ပြီး နိုင်ဝင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက သိမ်ဖြူလမ်းမှာရှိတဲ့ ရန်ကုန်စာအုပ်လမ်းမှာ ကျင်းပနေပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်စာအုပ်လမ်းကို ဧပြီလဆန်းအထိ ဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်းက ပြောပါတယ်။