A d v e r t i s e m e n t With Us

ရော်နယ်ဒို ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်

ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အနာဂတ်ဟာ မသေချာတော့ဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ရက်က ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ခ်ျ မန်းဒက်စ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ရော်နယ်ဒိုကို ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်စ်က လစာတိုးပေးဖို့ ဆန္ဒမရှိတာကြောင့် အဆိုပါ ပေါ်တူဂီ အသင်းခေါင်းဆောင်အနေနဲ့ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေတယ်ဆိုပြီး သတင်းတွေက ဖော်ပြနေကြပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ရွှေဘောလုံးဆု ၄ ဆုရ ကစားသမားဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေပေမယ့် လာလီဂါသွင်းဂိုး ၁ ဂိုးသာ ရရှိပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up