A d v e r t i s e m e n t With Us

မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများသာ ၀င်ထွက်ခွင့်ရှိ

မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားများသာ ၀င်ထွက်ခွင့်ရှိသေးကြောင်း မောတောင်လ၀ကမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မောတောင်မြို့ နယ်စပ်ဖြတ်သန်းဂိတ်မှ ယာယီနယ်စပ်ဖြတ် သန်းခွင့်နဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေ ထုတ်ယူကာ နှစ်နိုင်ငံအတွင်း သွားလာခွင့် ရှိပေမယ့် နယ်စပ်ဂိတ်မှာ အထူးယာယီအဆင့်သာရှိသေးလို့ တတိယနိုင်ငံသားတွေကို ဖြတ်သန်းခွင့် မပေးသေးဘူးလို့ သိရပါတယ်။ “မောတောင်မြို့ကနေ ထိုင်းနိုင်ငံဆင်းခွန်ကို ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြစ်တဲ့ TBP ၊ နယ်စပ်ဖြတ်သန်းခွင့်ဖြစ်တဲ့ BP တွေနဲ့ ဖြတ်သန်းသွားလာနေကြတာ နိုဝင်ဘာလအထိ BP (နယ်စပ်ဖြတ်ကျော်ကတ်) က ၃၈၂၀၊ TBP (ယာယီနယ်စပ်ဖြတ်ကျော်ကတ်) က ၅၂၅၀ ရှိပါတယ်။ ထိုင်းနိုင်ငံသားတွေ လာရောက်လည်ပတ်တာက BP နဲ့ဆိုရင် ၉၀၉၊ TBP ဆိုရင် ၅၃၅၂ ရှိပါတယ်။ ယခင်နှစ်ကထက်စာရင်လမ်းတွေ ပိုကောင်းလာလို့ လည်ပတ်တဲ့သူတွေ များလာပါတယ်” လို့ မောတောင်လ၀ကမှူး ဦးအောင်ထွန်းမြင့် ကပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မောတောင်ဂိတ်မှ ဝင်ရောက်လည်ပတ်သူတွေထဲက ထိုင်းနိုင်ငံ သားတွေဟာ မြန်မာနိုင်ငံမှာ ၁၃ ည ၁၄ ရက် လည်ပတ်ခွင့်ရှိပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ မူဆင်းခွန်ဂိတ်မှာ အထူးယာယီနယ်စပ်ဂိတ်ဖြစ်လို့ ၃ ညအိပ် ၄ ရက်ခရီးသာ လည်ပတ်ခွင့်ရှိကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

A d v e r t i s e m e n t With Us

More News
Up