Home
မေးမြန်းခန်း
ရွာပုန်း​ရွာ​ရှောင် ဒုက္ခသည်​တွေ ပြန်လည်အ​ခြေချ​ရေး​ ​မေး​မြန်း​ချက်
အေးနိုင်
·
April 10, 2012
အစိုး​ရနဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) အကြား​ အခုရက်ပိုင်း​ သ​ဘောတူညီချက်ထား​တဲ့​ အချက်​တွေထဲမှာ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ စစ်​ကြောင့်​ ​တောထဲ​တောင်ထဲမှာ ပုန်း​အောင်​နေရတဲ့​ ရွာပုန်း​ရွာ​ရှောင် ဒုက္ခသည်​တွေကို ​နေရပ်မှာ ပြန်လည်အ​ခြေချ​နေထိုင်​ရေး​ဆိုတဲ့​ အချက်​တွေပါဝင်ပါတယ်။ [caption id="attachment_24003" align="alignleft" width="310" caption="ဆရာမန်းမန်း​"][/caption] ကုလသမဂ္ဂ ဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​ (ယူအန်အိပ်ခ်ျစီအာ)ရဲ့​ ၂၀၁၀ ခုနှစ် ကိန်း​ဂဏန်း​အရ မြန်မာပြည်မှာ ရွာပုန်း​ရွာ​ရှောင် ဒုက္ခသည် (အိုင်ဒီပီ) ၄ သိန်း​ခွဲ ရှိတယ်လို့​ ဆိုပါတယ်။ အဓိကအား​ဖြင့်​ မငြိမ်မသက်ဖြစ်​နေတဲ့​ ရှမ်း​၊​ ကရင်နီ၊​ ကရင်၊​ မွန်၊​ ပဲခူး​၊​ တနင်္သာရီ ​ဒေသ​တွေမှာ ဖြစ်ပါတယ်။ ရွာပုန်း​ရွာ​ရှောင် ဒုက္ခသည်​တွေ ​နေရပ်ပြန်​ရေး​နဲ့​ ပြန်လည် အ​ခြေတကျ ဖြစ်​ရေး​အတွက် ​ရေတို ​ရေရှည် လိုအပ်ချက်​တွေအ​ကြောင်း​၊​ စစ်​ပြေး​ဒုက္ခသည်​တွေကို ကျန်း​မာ​ရေး​ အကူအညီ​ပေး​နေတဲ့​ နယ်လှည့်​ကျောပိုး​အိတ် ကျန်း​မာ​ရေး​လုပ်သား​များ​အဖွဲ့​ ​ခေါင်း​ဆောင် ဆရာမန်း​မန်း​ကို ​မေး​မြန်း​ထား​ပါတယ်။ “ကရင်ပြည်နယ်မှာရှိတဲ့​ လူဦး​ရေအား​လုံး​လိုလို အနည်း​ဆုံး​အဆင့်​တော့​ ​တောထဲမှာ ထွက်​ပြေး​ပုန်း​ရှောင်ရတဲ့​ ​ခေတ္တယာယီပဲ​ပေါ့​၊​ ​တော်​တော်များ​များ​ရှိတယ်။ အ​ရေအတွက်က​တော့​ ​ပြောရတာခက်တယ်။ ​ယေဘုယျအား​ဖြင့်​တော့​ ကရင်ပြည်နယ်၊​ ပဲခူး​တိုင်း​၊​ တနင်္သာရီတိုင်း​၊​ နယ်စပ်​ဒေသ တ​လျှောက်လုံး​မှာ ရှိတဲ့​လူဦး​ရေက​တော့​ အိုင်ဒီပီ လိုအဖြစ်မျိုး​တွေ​တော့​ ကရင်လူထု​တွေ သက်​ရောက် ခံစား​နေရတယ်။” သူတို့​တွေက ဘယ်လိုအ​ရေး​ကိစ္စ​တွေမှာ အ​ရေး​တကြီး​ အကူအညီ လို​နေတယ်လို့​ ဆရာတို့​ မြင်ရလဲ။ “အထူး​သဖြင့်​ ကျန်း​မာ​ရေး​နဲ့​ သူတို့​ဘဝရှင်သန်​ရေး​၊​ စား​ဝတ်​နေ​ရေး​ပေါ့​။ ပညာ​ရေး​တွေကအစ သူတို့​ကို အဓိက အ​ခြေခံလိုအပ်ချက်​တွေ ဖြစ်ပါတယ်။” ​တောထဲ​တောင်ထဲမှာ ပုန်း​အောင်း​နေတာဆို​တော့​ သူတို့​မှာပါလာတဲ့​ က​လေး​တွေ၊​ ပညာသင်ကြား​ရေး​တွေအပါအဝင် သူတို့​ဘဝ​ရှေ့​ရေး​အတွက် ဘာ​တွေလုပ်သင့်​တယ်လို့​ ​ကေအန်ယူနဲ့​ အစိုး​ရဘက်ကလူ​တွေကို ဘာများ​ ​ပြောချင်လဲ။ “ပထမဆုံး​က​တော့​ သူတို့​ရဲ့​ကျန်း​မာ​ရေး​နဲ့​ စား​ဝတ်​နေ​ရေး​ပေါ့​။ ဒုတိယ​တော့​ ဘဝ​ရှေ့​ရေး​ပေါ့​။ က​လေး​တွေရဲ့​ ပညာ​ရေး​မှာ အထူး​သဖြင့်​တော့​ က​လေး​သူငယ်​တွေ မူလတန်း​ပညာကို အကုန်လုံး​ လက်လှမ်း​မီနိုင်ရမယ်။ မူလတန်း​ပညာပြီး​တော့​ အလယ်တန်း​နဲ့​ အထက်တန်း​ပညာ​ပေါ့​။ ​နောက်ဆုံး​အဆင့်​ တက္ကသိုလ် ​ကျောင်း​တွေအထိ ပညာသင်ကြား​နိုင်တဲ့​ အခွင့်​အလမ်း​တွေကို​တော့​ ​ဆောင်ရွက်​ပေး​ဖို့​တော့​ လိုပါလိမ့်​မယ်။ သို့​သော်လည်း​ အဲဒီအဆင့်​ ​ရောက်နိုင်ဖို့​က​တော့​ သူတို့​ရဲ့​ဘဝ ပြန်လည်ထူ​ထောင်​ရေး​ အဆင့်​ပေါ်မှာ အချိန်အများ​ကြီး​ ယူရဦး​မှာဖြစ်ပါတယ်။” အိုင်ဒီပီ​တွေ ပြန်လည်​နေရာချထား​ရေး​ ကိစ္စကို ​ကေအန်ယူနဲ့​ အစိုး​ရဘက်ကလူ​တွေ ​ဆောင်ရွက်တဲ့​အ​ပေါ်မှာ ဘယ်လိုကိစ္စ​တွေက ထိခိုက်လွယ်တာ​ကြောင့်​ ဘယ်လို သတိထား​ကိုင်တွယ်ရမယ်လို့​ မြင်လဲဆရာ။ “ပထမဆုံး​ပြဿနာက​တော့​ ​နေရာကိစ္စ​ပေါ့​။ အရင်ဘိုး​ဘွား​ခေတ်ကတည်း​က သူတို့​ပိုင်ဆိုင်ခဲ့​တဲ့​နေရာ​တွေကို ဆုံး​ရှုံး​ခဲ့​ရတယ်။ တချို့​လူထု​တွေလည်း​ ထိုင်း​နိုင်ငံနယ်စပ် ဒုက္ခသည်စခန်း​ကို ​ရောက်ရှိခဲ့​တယ်။ တချို့​လူထု​တွေက တခြား​ကျေး​ရွာ​တွေမှာ ပုန်း​နေရတယ်။ ​မြေယာကိစ္စမှာလည်း​ ​မြေယာပိုင်ဆိုင်ခွင့်​တွေ၊​ ​မြေယာပြန်လည် ​ဝေခြမ်း​ဖို့​ ကိစ္စက ပထမဆုံး​ ဦး​စား​ပေး​ဆောင်ရွက်မယ့်​ ကိစ္စဖြစ်ပါတယ်။” အိုင်ဒီပီ​တွေ အ​နေနဲ့​ ​နေရင်း​ဒေသ ပြန်လည်အ​ခြေချမယ့်​ သူတို့​အတွက် အ​ရေး​အကြီး​ဆုံး​ အာမခံချက်ကို ပြည်​ထောင်စု အစိုး​ရဘက်ကပဲ ဖြစ်ဖြစ်၊​ သက်ဆိုင်ရာ ပြည်နယ်အစိုး​ရပဲဖြစ်ဖြစ်၊​ အိုင်ဒီပီ​တွေအတွက် အ​ရေး​အကြီး​ဆုံး​ အာမခံချက် သူတို့​ဘဝ လုံခြုံဖို့​အတွက်ဆိုရင် ဘာဖြစ်မလဲ။ “အိုင်ဒီပီ​တွေအတွက် အ​ရေး​ကြီး​ဆုံး​ ဘဝလုံခြုံမှုရှိဖို့​က ပြည်​ထောင်စု အစိုး​ရဘက်ကပဲဖြစ်ဖြစ်၊​ ​ကေအန်ယူဘက်ကပဲဖြစ်ဖြစ်၊​ နှစ်ဖက်ရဲ့​ တာဝန်ယူမှုဆိုတာထက် အဓိက ပြဿနာကို​တော့​ ကြည့်​ဖို့​တော့​လိုတယ်။ အဲဒါကို​တော့​ ကိုင်တွယ်​ဖြေရှင်း​ဖို့​လိုတယ်။ ​ကေအန်ယူဘက်က​ကော၊​ အစိုး​ရစစ်တပ်ဘက်က​ကော၊​ အပစ်အခတ် ရပ်စဲ​ရေး​ တစုံတရာ လက်မှတ်ထိုး​ခဲ့​သော်လည်း​ အ​ခြေခံဖြစ်တဲ့​ နိုင်ငံ​ရေး​ပြဿနာကို မ​ဖြေရှင်း​နိုင်ခဲ့​ဘူး​ဆိုရင်​တော့​ ဒီပဋိပက္ခက ​ပြေလည်နိုင်မှာမဟုတ်​သေး​ဘူး​။ ဒါ​ကြောင့်​မို့​ အိုင်ဒီပီကိစ္စကို ​ပြေလည်နိုင်ဖို့​အတွက် ပြည်သူလူထု​တွေအတွက် ဘဝလုံခြုံမှု အာမခံနိုင်ဖို့​အတွက်က ဒီ​နေ့​တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ဖြစ်​နေတဲ့​ တိုင်း​ရင်း​သား​တွေရဲ့​ ​တောင်း​ဆို​နေတဲ့​ သူတို့​ရဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​နဲ့​ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​တွေအတွက် ဒီနိုင်ငံ​ရေး​ ပြဿနာ​တွေကို ​ဖြေရှင်း​ဆောင်ရွက်နိုင်ပြီး​ အာမခံချက်ရှိနိုင်မှသာ အိုင်ဒီပီ​တွေရဲ့​ဘဝ၊​ ဒုက္ခသည်​တွေရဲ့​ဘဝကို အာမခံချက် ​ပေး​နိုင်မှာဖြစ်တယ်။” ​နောက်ထပ် ဘာများ​ဖြည့်​စွက်​ပြောစရာ ရှိလဲဆရာ။ “အဓိက​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ဆိုတာ အချိန်မ​ရွေး​ ပြဿနာပြန်ဖြစ်နိုင်တယ်။ ဒါ​ကြောင့်​မို့​ အိုင်ဒီပီဘဝကို အာမခံချက်ရှိဖို့​ ဆိုတာ​တော့​ အဓိကကျတာက နိုင်ငံ​ရေး​ အာမခံချက်ရှိဖို့​လိုတယ်။ နိုင်ငံ​ရေး​အာမခံချက်ဆိုတဲ့​ ​နေရာမှာ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​နဲ့​ ​ပြေ​ပြေလည်လည် ​ဖြေရှင်း​ဆောင်ရွက်နိုင်တဲ့​ အဆင့်​ရှိနိုင်မှသာလျှင် အိုင်ဒီပီ​တွေရဲ့​ ဘဝက အာမခံချက်ရှိမယ်လို့​ ယူဆပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024