ဘိုက​လေး​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ​ဘောလုံး​ပွဲ အနိုင်အရှုံး​ ဆုံး​ဖြတ်

ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​မှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဒိုင်း​ ​ဘောလုံး​ပွဲ ကျင်း​ပပြီး​ မ​နေ့​က ​ဘောလုံး​ပွဲအဆုံး​အဖြတ်မှာ အုပ်ချုပ်​ရေး​မှူး​ကိုယ်တိုင် ပါဝင်​ဆောင်ရွက်လို့​ ​ဘောလုံး​သမား​တွေ မ​ကျေမနပ် ဖြစ်​နေကြပါတယ်။ ဘိုက​လေး​မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ဒိုင်း​အတွက် ​ဘောလုံး​အသင်း​ပေါင်း​ ၃၂ သင်း​ဟာ လွန်ခဲ့​တဲ့​ ၂ လခန့်​ကတည်း​က ပြိုင်ဆိုင်​နေတာဖြစ်ပြီး​ မ​နေ့​က ဆီမီး​ဖိုင်နယ်ပွဲစဉ်မှာ ပြဿနာ တက်ခဲ့​တာလို့​ ​ဘောလုံး​သမား​တဦး​က ​ပြောပါတယ်။ ဧပြီ ၈ ရက်​နေ့​က မ​လော့​ကျေး​ရွာအုပ်စုအသင်း​နဲ့​ မဂူ​ကျေး​ရွာအုပ်စုအသင်း​ ဆီမီး​ဖိုင်နယ်​တွေ့​ရာမှာ မဂူ​ကျေး​ရွာအုပ်စုအသင်း​က ၁ - ၀ နဲ့​ ဦး​ဆောင်​နေချိန် မ​လော့​ကျေး​ရွာအုပ်စုအသင်း​က ပြန်ပြီး​ ၁ ဂိုး​သွင်း​ပါတယ်။ ဂိုး​ဝင်​ကြောင်း​ ကွင်း​လယ်ဒိုင်က ခရာတွတ်အပြီး​မှာ စည်း​ကြပ်ဒိုင်က အလံ​ထောင်လို့​ ဂိုး​ပေး​ မ​ပေး​ အငြင်း​ပွား​ကြတယ်လို့​ ဆိုပါတယ်။ ဒီလိုအငြင်း​ပွား​မှုကို ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နှစ်ဦး​နဲ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​တို့​ အစည်း​အ​ဝေး​ထိုင်ပြီး​ မဂူ​ကျေး​ရွာအုပ်စုကို အနိုင်​ပေး​တဲ့​အ​ကြောင်း​ ဧပြီ ၉ ရက် မနက်မှာ ​ကြေညာခဲ့​တယ်လို့​ ဆိုပါတယ်။ ဘိုက​လေး​မြို့​နယ်အုပ် ချုပ်​ရေး​မှူး​ဒိုင်း​အတွက် ​ကျေး​ရွာအုပ်စု ​ပေါင်း​ ၇၀ ​ကျော်ကို ပြိုင်ဆိုင်ဖို့​ ဖိတ်​ခေါ်ပြီး​ မပြိုင်ဆိုင်တဲ့​ ​ကျေး​ရွာအုပ်စုက ကျပ်​ငွေ (၅​သောင်း​) ဒဏ်​ငွေ​ဆောင်ရသလို ဝင်ပြိုင်တဲ့​ကျေး​ရွာအုပ်စုက ကျပ်​ငွေ (၂​သောင်း​) အသင်း​ဝင်​ကြေး​ ​ပေး​ရတယ်လို့​ ဆိုပါတယ်။ ပထမဆုရသူကို ၅ သိန်း​နဲ့​ ဒုတိယ၊​ တတိယဆု​တွေကိုလည်း​ ​ငွေသား​ချီး​မြှင့်​မယ်လို့​ ဆိုပါတယ်။ ဒီ​ဘောလုံး​ပွဲမှာ လာဘ်​ပေး​လာဘ်ယူမှု​တွေလည်း​ ကျယ်ပြန့်​နေတယ်လို့​ ဆိုပါတယ်။ ဒီအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်ပြီး​ ဒီဗွီဘီက သက်ဆိုင်ရာ အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေကို ဆက်သွယ်​မေး​မြန်း​လို့​ မရပါဘူး​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up