A d v e r t i s e m e n t With Us

သင်္ကြန်တွင် အဆို​တော်အချို့​ သီဆိုခွင့်​မရ

ထူး​အယ်လ်​လင်း​နှင့်​​ ​မီး​မီး​ခဲ​ (ဓာတ်​ပံု-​အ့​ံ​ဘုန်း​​ြမတ်)
မြန်မာ့​ရိုး​ရာမဟာသင်္ကြန်အတွင်း​ ​နေပြည်​တော်မှာ သွား​ရောက် သီဆို​ဖျော်​ဖြေမယ့်​ အဆို​တော်တချို့​ သီဆို​ဖျော်​ဖြေဖို့​ ကုမ္ပဏီနဲ့​ ကန်ထရိုက်ယူပြီး​မှ ပယ်ချခံခဲ့​ရပါတယ်။ [caption id="attachment_23996" align="alignright" width="383" caption="ထူးအယ်လ်လင်းနှင့် မီးမီးခဲ (ဓာတ်ပုံ-အံ့ဘုန်းမြတ်)"][/caption] လာမယ့်​ ၁၂ ရက်​နေ့​မှာ ​နေပြည်​တော်က ACE မဏ္ဍပ်မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော် ထူး​အယ်လင်း​နဲ့​ မီး​မီး​ခဲ ခုလိုပယ်ချခံလိုက်ရတာလို့​ ကာယကံရှင်က ​ပြောပါတယ်။ ​နေပြည်​တော်က ပါမစ်မ​ပေး​လို့​ လာစရာ မလို​တော့​ဘူး​လို့​ ပွဲကို စီစဉ်​ပေး​တဲ့​ အင်ဂျင်နီယာက အ​ကြောင်း​ကြား​လာတယ်လို့​ ထူး​အယ်လင်း​က ​ပြောပါတယ်။ “အပိတ်ခံရတယ်လို့​ ကျ​နော်တို့​ ​သေချာမသိဘူး​။ စား​ရင်း​တင်တဲ့​အထဲမှာ ကျ​နော်တို့​ မပါဘူး​။ ပါမစ်မ​ပေး​ဘူး​လို့​ ​ပြောတယ်။ ကျ​နော်တို့​လည်း​ တိတိကျကျသိ​အောင် ​သေချာစုံစမ်း​နေတယ်။ အနီး​ကပ်မှ ဖြုတ်လိုက်​တော့​ ကျ​နော်တို့​ဘက်က ​တော်​တော်​လေး​ ထိခိုက်တယ်။ ကျန်တဲ့​ကိစ္စက​တော့​ ကျ​နော်မ​ပြောတတ်ဘူး​။ ​ငွေ​ရေး​ကြေး​ရေး​က​တော့​ နစ်နာတာ​ပေါ့​။ ​တွေး​ကြည့်​ရင်း​နဲ့​ ပတ်ပြီး​ ဖြစ်​နေမှာစိုး​လို့​ ဘာမှကို မ​တွေး​တော့​ဘူး​။ ပယ်တယ်ဆိုရင်လည်း​ မတတ်နိုင်ဘူး​ပေါ့​။ မနက်ဖြန်ကျရင် ခရီး​စထွက်မယ်ဆိုပြီး​ အား​လုံး​ ပြင်ပြီး​နေမှ ဒီက​နေ့​ကျမှ သိတာ။” ပုံမှန်အား​ဖြင့်​ သင်္ကြန်မှာ မဏ္ဍပ်​ဆောက်ပြီး​ရင် မဏ္ဍပ်ပါမစ်အရ ​ဖျော်​ဖြေခွင့်​ရပြီ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ဘာ​ကြောင့်​ သူတို့​ကို သီဆိုခွင့်​မရှိတာလည်း​ ဆိုတာကို မသိရဘူး​လို့​ ​ပြောပါတယ်။ မန္တ​လေး​မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော်လင်း​လင်း​ကလည်း​ အလား​တူ အပိတ်ခံရတယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up