DVB Logo
Home
မြန်မာသတင်း
မွန်နှစ်ပါတီ ​ပေါင်း​စည်း​ရေး​ အဆင်မ​ပြေ​သေး
DVB
·
April 10, 2012
Donate to DVB

အချိန်အတန်ကြာ ညှိနှိုင်း​နေတဲ့​ မွန်နှစ်ပါတီ ​ပေါင်း​စည်း​ရေး​မှာ အခက်အခဲတချို့​ ရှိ​နေတယ်လို့​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ ​မော်လမြိုင်အ​ခြေစိုက် ပါတီနဲ့​ ၁၉၉၀ အနိုင်ရပြီး​နောက် ဖျက်သိမ်း​ခံထား​ရတဲ့​ မွန်ပါတီတို့​ ပြန်လည်​ပေါင်း​စည်း​ရေး​မှာ ​နေရာပြဿနာ​ကြောင့်​ အဓိက အခက်​တွေ့​နေရတယ်လို့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ​ပြောပါတယ်။

“​နေရာပြဿနာတို့​၊​ ရာထူး​ပြဿနာ​ပေါ့​။ အတွင်း​ရေး​မှူး​၊​ ဒုတိယအတွင်း​ရေး​မှူး​၊​ ဥက္ကဋ္ဌ၊​ ဒု-ဥက္ကဋ္ဌ အစရှိသဖြင့်​ နည်း​နည်း​တော့​ ပြဿနာရှိနိုင်တဲ့​ အ​နေအထား​ရှိတယ်။ ချုံ့​ပြီး​ပြောရရင်​တော့​ မ​ပေါင်း​လို့​ မဖြစ်ဘူး​ဆိုတဲ့​ အ​နေအထား​မှာ ရှိတယ်လို့​ ကျ​နော်တို့​က သ​ဘော​ပေါက်ထား​တယ်​လေ။”

၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင် ​ပေါ်​ပေါက်လာတဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဟာ ၁၆ ​နေရာ အနိုင်ရထား​တဲ့​ပါတီ ဖြစ်ပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင် ဖျက်သိမ်း​ခံလိုက်ရတဲ့​ မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ နိုင်​ငွေသိမ်း​က မွန်နှစ်ပါတီစလုံး​ကို ​ပေါင်း​ပြီး​ နာမည်သစ်တခုနဲ့​ ပြန်လည်ဖွဲ့​စည်း​ဖို့​ အဆိုပြုထား​တယ်လို့​ ​ပြောပါတယ်။

အကယ်၍ ဧပြီလအတွင်း​မှာ ​နောက်ထပ် ညှိနှိုင်း​လို့​မရရင် ပါတီကို နဂိုမူလ နာမည်နဲ့​ပဲ မှတ်ပုံပြန်တင်​တော့​မယ်လို့​ ဆိုပါတယ်။

“ဆုံး​ဖြတ်ထား​တာရှိတာက အကယ်၍ ​ပေါင်း​စည်း​လို့​ရှိရင် သူ့​ဘက်ကိုယ့်​ဘက် မနာ​အောင် အမည်သစ်ယူရင် ​ကောင်း​မယ်လို့​ ဆရာ​တော်​တွေ အဖွဲ့​အစည်း​တွေက ​ပြောတာ​ပေါ့​။ အချို့​က လက်မခံဘူး​။ ​ပေါင်း​စည်း​ရေး​အတွက် ဆိုတာ ဖြစ်နိုင်ရင် အမည်သစ်နဲ့​ သွား​မယ်လို့​ စဉ်း​စား​တယ်။ ၂ ဖက်သ​ဘောတူတဲ့​ နာမည်နဲ့​ပေါ့​။ အ​ခြေအ​နေအရ ဖြစ်နိုင်တဲ့​ အ​ခြေအ​နေ မရလို့​ ဒီ​လောက်ကြာတယ်။ ညှိနှိုင်း​အစည်း​အ​ဝေး​ခေါ်လည်း​ မလာဘူး​။ အဲလိုဖြစ်​နေတယ်။ ၂ ပါတီဖြစ်ပြီး​ အပြိုင်အဆိုင် ဖြစ်တဲ့​သ​ဘောလည်း​ ဖြစ်နိုင်တယ်။ မဖြစ်ဘူး​လည်း​ ဖြစ်နိုင်တယ်။ ကျ​နော်တို့​ကို လာ​ပေါင်း​မယ့်​လူ​တွေ ရှိပါတယ်။”

ပါတီသစ်ဖြစ်တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဥက္ကဋ္ဌ နိုင်​ငွေသိန်း​က သူပါတီထဲမှာ ​ပေါင်း​ရေး​နဲ့​ မ​ပေါင်း​ရေး​ အမြင်မတူတာ​တွေ ရှိ​နေတယ်လို့​ ​ပြောပြပါတယ်။

“ကျ​နော်တို့​ဘက်က မ​ပေါင်း​ချင်တဲ့​လူလည်း​ ရှိမှာပါ။ ​ပေါင်း​ချင်တဲ့​လူလည်း​ရှိမှာပါ။ အဲဒီလိုမျိုး​ အ​နေအထား​ရှိတယ်။ ညှိရပြုရတာ ကသိက​အောက်ဖြစ်တာ​ပေါ့​။ တဘက်ပါတီက​တော့​ ကျ​နော်တို့​ကို ​စောင့်​နေပါတယ်တဲ့​။ ကျန်တဲ့​တိုင်း​ရင်း​သား​ ပါတီ​တွေအား​လုံး​က မှတ်ပုံတင်ပြီး​သား​ဖြစ်​နေတယ်။ မွန်ပါတီတခုပဲ မှတ်ပုံမတင်ရ​သေး​တာ။”

၂၀၁၀ ​ရွေး​ကောက်ပွဲအကြိုကာလမှာ ဖျက်သိမ်း​ခံလိုက်ရတဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါအဝင်၊​ ရှမ်း​၊​ ရခိုင်၊​ ဇိုမီး​ ပါတီတို့​ မှတ်ပုံတင်ခဲ့​ကြ​ပေမယ့်​ မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ နှစ်ပါတီ ​ပေါင်း​စည်း​ရေး​နဲ့​ ကြန့်​ကြာ ​နေတာဖြစ်ပါတယ်။

မွန်နှစ်ပါတီ ​ပေါင်း​စည်း​ရေး​ကို မနှစ်နှစ်ကုန်ပိုင်း​ကတည်း​က ညှိနှိုင်း​နေတာဖြစ်ပြီး​ ​ဒေသမှာ ဩဇာရှိတဲ့​ မွန်ဆရာ​တော်​တွေကလည်း​ တပါတီတည်း​ပေါင်း​စည်း​ကြဖို့​ တိုက်တွန်း​ခဲ့​ကြပါတယ်။

မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဥက္ကဋ္ဌ နိုင်​ငွေသိန်း​က အကယ်၍ နှစ်ပါတီ မ​ပေါင်း​စည်း​ဖြစ်ရင် လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ အခက်အခဲ​တွေကြုံမှာကို စိုး​ရိမ်တယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ အမှန်အတိုင်း​ပြောမယ်ဆိုရင် ၂၀၁၅ အတွက်က အခက်အခဲ​တွေ ဖြစ်လာမှာ​ပေါ့​။ မွန်က ၂ ပါတီဖြစ်လာမယ်ဆိုရင် အလုပ်လုပ်ရတာ၊​ စည်း​ရုံး​ရတာ အခက်အခဲဖြစ်တယ်။ အမှန်တိုင်း​ပြောရရင် ​စော​စောကတည်း​က ဒီပါတီ ၂ ခုမကွဲဘူး​ဆိုရင် တခုပါပဲ။ အမှန်အတိုင်း​ဆိုရင် အစိုး​ရက​နေ ၉၀ ခုနှစ်မှာ ဖျက်ပစ်လိုက်​တော့​ ဖွဲ့​စည်း​ထား​တာရှိတယ်။ အဲဒီ ၁၅ ​ယောက်နဲ့​ ဖွဲ့​စည်း​ထား​တဲ့​ အဖွဲ့​က​နေ ဒီလူ ဒီဝါဒပါပဲ။ ရည်ရွယ်ချက်​တွေရှိတယ်။ တ​နေ့​ကျရင် ဘာလုပ်မယ်။ လူမှု​ရေး​လို ဖွဲ့​ထား​တဲ့​ အဖွဲ့​အစည်း​ရှိတယ်။ အတူတူပဲ။ ခြား​နား​ချက်ဘာမှမရှိဘူး​။ လူ​ကောင်း​ဖို့​ပဲ အ​ရေး​ကြီး​တယ်။”

သင်္ကြန်အလွန် ဧပြီလ ​နောက်ဆုံး​အပတ်မှာ​တော့​ မွန်ပါတီနှစ်ရပ်က ​ခေါင်း​ဆောင်​တွေဟာ အပြီး​သတ်ညှိနှိုင်း​မှု​တွေ လုပ်မှာဖြစ်ပြီး​ ​ပေါင်း​ရေး​ မ​ပေါင်း​ရေး​ကို ဆုံး​ဖြတ်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013