Home
မြန်မာသတင်း
ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ် မြန်မာနိုင်ငံ လာမည်
နေသွင်
·
April 10, 2012
ကုလသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ် ဘန်ကီမွန်း​ဟာ ကြိုတင် ​ကြေညာထား​တဲ့​အတိုင်း​ ဒီလအတွင်း​ မြန်မာနိုင်ငံကို ​ရောက်လာဖို့​ ရှိ​နေပါတယ်။ ဘန်ကီမွန်း​ရဲ့​ မြန်မာနိုင်ငံ ခရီး​စဉ်အတွက် ကြိုတင်ပြင်ဆင်မှု​တွေလုပ်ဖို့​ အစိုး​ရ နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာနက ရန်ကုန်အ​ခြေစိုက် ကုန်သည်/စက်မှု အသင်း​ချုပ်ကို ဖိတ်ကြား​ထား​တယ်လို့​ အသင်း​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ ရန်ကုန်အ​ခြေစိုက် ကုလသမဂ္ဂဌာ​နေရုံး​က​တော့​ ကြိုတင်​ကြေညာထား​တဲ့​ ခရီး​စဉ်က ​သေချာ​ပေမယ့်​ ​လော​လောဆယ် ရက်အတိအကျ မ​ပြောနိုင်​သေး​ဘူး​လို့​ ​ပြောပါတယ်။ မတ်လတုန်း​က မ​လေး​ရှား​ကို ​ရောက်ခဲ့​စဉ်မှာ ဘန်ကီမွန်း​က မြန်မာပြည်ကို ဧပြီလ ၁ ရက်​နေ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအပြီး​မှာ လာ​ရောက်မယ်လို့​ တရား​ဝင်​ကြေညာခဲ့​ပါတယ်။ ဧပြီလ ၁ ရက်​နေ့​ မြန်မာပြည်က ကြား​ဖြတ်​ရွေး​ကောက်ပွဲ အပြီး​ ​နောက်တရက်မှာလည်း​ ဘန်ကီမွန်း​က ကြား​ဖြတ်​ရွေး​ကောက်ပွဲကို မြန်မာပြည်မှာ ဒီမိုက​ရေစီ​ဖော်​ဆောင်​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် အ​ရေး​ကြီး​တဲ့​ ​ခြေလှမ်း​တရပ် အဖြစ် ကြိုဆိုခဲ့​ပါတယ်။ ကိုရီး​ယား​လူမျိုး​ ကုလသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ်ဟာ ၂၀၀၈ ​မေလ နာဂစ်မုန်တိုင်း​ တိုက်ခတ်ပြီး​နောက် နိုင်ငံတကာအကူအညီ​တွေကို အစိုး​ရက ပိတ်ပင်ထား​တာကို ခွင့်​ပြုဖို့​ အဲဒီအချိန်က စစ်အစိုး​ရအကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ လာ​ရောက် ညှိနှိုင်း​စဉ်က တကြိမ်၊​ ၂၀၀၉ ခုနှစ်တွင် ဇူလိုင်လက တကြိမ် မြန်မာနိုင်ငံကို ​ရောက်ခဲ့​ဖူး​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024