သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းခြင်း သတင်းစကားပါးရန် မြန်မာပြည်လာခြင်းဖြစ်ဟု ပုပ်ရဟန်းမင်း နှုတ်ခွန်းဆက်

2.3K
ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းခြင်း သတင်းစကားပါးဖို့အတွက် မြန်မာနိုင်ငံကို လာရောက်တာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်သူတွေထံ နှုတ်ခွန်းဆက်စကား ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်လာဖို့ ပြင်ဆင်နေချိန်မှာ နိုင်ငံသားအားလုံးထံ နှုတ်ခွန်းဆက်စကားနဲ့ ခင်မင်မှုကို ပေးပို့လိုတယ်၊ အတူ တွေ့ဆုံမယ့်အချိန်ကို မျှော်လင့်နေတယ်၊ ယေရှုခရစ်တော်ရဲ့ သတင်းကောင်းကို ကြေညာဖို့ လာရောက်ခြင်းဖြစ်တယ်၊ ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်း သတင်းစကား ဖြစ်တယ်လို့ မိန့်ပါတယ်။
ဒ့ါအပြင် မြန်မာနိုင်ငံသို့ လေးစားတဲ့ စိတ်ထားနဲ့ အလည်အပတ်ရောက်ရှိလိုခြင်း ဖြစ်တယ်။ သဟဇာတ ဆောက်တည်မှုကို အားပေးဖို့နဲ့ အများကောင်းကျိုး သယ်ပိုးရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မယ်လို့ မြန်မာအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ခရီးစဉ်အတွင်း ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ကာ မြန်မာသမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
ဓာတ်ပုံ-ရိုက်တာ