
ြ
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ ဒီသီတင်းပတ်အတွင်းမှာ မြန်မာနိုင်ငံကို ၁ ရက်တာ ခရီးစဉ်အဖြစ် သွား ရောက်ဖို့ ရှိနေကြောင်း အမည်မဖော်လိုတဲ့ မြန်မာအရာရှိတယောက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။
ဒေးဗစ် ကင်မရွန်းဟာ လာမယ့် ဧပြီ (၁၃) ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို သူ့မရဲ့နေအိမ်မှာ တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း အတည်ပြု ပြောထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ညစာနဲ့ တည်ခင်းဧည့်ခံဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ခရီးစဉ် ဖြစ်မြောက်ခဲ့ရင် ဗြိတိန်ဝန်ကြီးချုပ်ဟာ ဆယ်စုနှစ်များအတွင်းမှာ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဥရောပရဲ့ အဆင့်မြင့်ဆုံး နိုင်ငံခေါင်းဆောင် ဖြစ်လာဖို့ ရှိနေပါတယ်။
ဒေးဗစ် ကင်မရွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာဟာ နိုင်ငံတကာက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ချဖို့ စဉ်းစားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။











