DVB Logo
Home
မြန်မာသတင်း
ထိုင်း​တွင် ဆန္ဒပြ မြန်မာအလုပ်သမား​များ​ အလုပ်ဆင်း​ခွင့်​မရ
DVB
·
April 10, 2012
Donate to DVB

ထိုင်း​နိုင်ငံ​တောင်ပိုင်း​ ဆုန်ခလာခရိုင်က ပင်လယ်စာစက်ရုံမှာ ဆန္ဒပြကြတဲ့​ အလုပ်သမား​တွေ ဒီ​နေ့​ စက်ရုံထဲကို ဝင်ခွင့်​မ​ပေး​တဲ့​အတွက် လုပ်ငန်း​ခွင်ဝင်လို့​ မရဘူး​လို့​ ဆိုပါတယ်။

ဒီ​နေ့​ မြန်မာအလုပ်သမား​တွေ အလုပ်ဆင်း​ဖို့​သွား​တဲ့​အခါ ဆန္ဒပြရာမှာ ပါဝင်တဲ့​အတွက် စက်ရုံထဲကို ဝင်ခွင့်​မပြု​တော့​ဘူး​လို့​ စက်ရုံက မြန်မာ အလုပ်သမား​ ကို​ငွေသိမ်း​က ​ပြောပါတယ်။

“ဆန္ဒပြတဲ့​နေ့​က​တော့​ မြန်မာ​တွေ အကုန်ပူး​တွဲပြီး​ပါတယ်။ ပါတဲ့​သူ​တွေ အား​လုံး​က အခုစက်ရုံထဲကို ဝင်ခွင့်​မရှိဘူး​။ စက်ရုံတံခါး​ ပိတ်ထား​တယ်၊​ လုံး​ဝဝင်ခွင့်​မ​ပေး​ပါဘူး​။ အခက်အခဲ ​တော်​တော်ဖြစ်တယ်။ မနက်ကဆိုရင် က​လေး​တွေက ကန်ဇွန်း​ရွက်ခူး​စား​ကြ၊​ ခရုလိုက်​ကောက်နဲ့​ အဲလိုမျိုး​ ဖြစ်သလို စား​နေရတယ်။”

ဒီအ​ကြောင်း​နဲ့​ပတ်သက်လို့​ ဘန်​ကောက်က မြန်မာသံရုံး​ကို ဆက်သွယ် ​မေး​မြန်း​ကြည့်​ရာ ဒီကိစ္စကို အာရုံစိုက်ပြီး​ အ​ကောင်း​ဆုံး​ဖြစ်​အောင် လုပ်​ဆောင်​နေတယ်လို့​ အလုပ်သမား​ရေး​ရာနဲ့​ ပတ်သက်ပြီး​ တာဝန်ယူထား​တဲ့​ ကို​ကျော်​ကျော်လွင်က ​ပြောပါတယ်။

“ထိုင်း​အလုပ်သမား​ ဝန်ကြီး​နဲ့​ သွား​တွေ့​တယ်။ ​တွေ့​တော့​ ​ဖြေရှင်း​ပေး​ဖို့​အတွက် လူမှုဖူလုံ​ရေး​နဲ့​ အဖွဲ့​တဖွဲ့​ကို လွှတ်ထား​တယ်လို့​ ​ပြောတယ်။ ကျ​နော်တို့​ ဝင်လာတည်း​က သ​ဘောတူစာချုပ် ချုပ်ထား​တာရှိတယ်။ ကျ​နော်တို့​မှာ အလုပ်သမား​ ၄၀၀ ​ကျော်​လောက်ရှိတယ်။ သ​ဘောတူစာချုပ်နဲ့​ ဝင်ထား​တဲ့​အတိုင်း​ ဖြစ်​အောင်လုပ်​ပေး​မယ်လို့​ ​ပြောတယ်။”

အလုပ်ဆင်း​ခွင့်​ မရှိတဲ့​အတွက် ​ရေရှည်မှာ စား​သောက်​ရေး​ အခက်အခဲ ရင်ဆိုင်လာနိုင်တယ်လို့​လည်း​ အလုပ်သမား​တွေက ​ပြောပါတယ်။

စက်ရုံမှာ အလုပ်လုပ်​နေကြတဲ့​ မြန်မာအလုပ်သမား​တွေဟာ ကနဦး​တုန်း​က ​နေထိုင်​ရေး​၊​ ကျန်း​မာ​ရေး​ အခမဲ့​ အပါအဝင် လုပ်ခ လစာ ၁ ရက် ၂၀၅ ဘတ် ရမယ်ဆိုတဲ့​ စာချုပ်နဲ့​လုပ်ကိုင်ကြ​ပေမယ့်​ တကယ်တမ်း​ ၁ ရက် ၁၆၀ ဘတ် ​လောက်ပဲရကြတာပါ။

အဲဒီအတွက် အလုပ်သမား​တွေက ဆန္ဒပြခဲ့​ကြပါတယ်။ ဆန္ဒပြတဲ့​ အလုပ်သမား​အများ​စုက က​မ္ဘောဒီး​ယား​နိုင်ငံသား​တွေဖြစ်ပြီး​ မြန်မာ အလုပ်သမား​ ၄၀၀ ​လောက်လည်း​ ပါဝင် ဆန္ဒပြခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013