DVB Logo
Home
မြန်မာသတင်း
အနိုင်ရ အန်အယ်လ်ဒီကိုယ်စား​လှယ်များ​ ၂၃ ရက်​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​ စတက်မည်
DVB
·
April 10, 2012
အနိုင်ရ အန်အယ်လ်ဒီကိုယ်စား​လှယ်များ​ ၂၃ ရက်​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​ စတက်မည်
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်​တွေ ဧပြီ ၂၃ ရက်​နေ့​ ပြန်လည်စတင်မယ့်​ လွှတ်​တော် အစည်း​အ​ဝေး​ကို စတင်တက်​ရောက်​တော့​မှာပါ။

ဧပြီ ၉ ရက်​နေ့​မနက်က ပြည်သူ့​လွှတ်​တော်ရုံး​က ကြား​ဖြတ် ​ရွေး​ကောက်ပွဲအနိုင်ရ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ၃၇ ဦး​ကို ဧပြီ ၂၂ ရက်​နေ့​ အ​ရောက်လာဖို့​ ဆင့်​ခေါ်လိုက်တာလို့​ အန်အယ်လ်ဒီပါတီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

“ပြည်သူ့​လွှတ်​တော်ရုံး​က ညွှန်မှူး​ ဦး​ခင်​မောင်ဦး​က ဒီ​နေ့​မနက် ၁၀ နာရီခွဲမှာ အ​ကြောင်း​ကြား​ပါတယ်။ ၂၂ ရက်​နေ့​အ​ရောက်လာဖို့​နဲ့​ ၂၃ ရက်​နေ့​ အစည်း​အ​ဝေး​ တက်ဖို့​ အ​ကြောင်း​ကြား​ပါတယ်။ ၂၂ ရက်​နေ့​မှာ​တော့​ အုပ်ချုပ်​ရေး​ကိစ္စအတွက် အသိအမှတ်ပြုလွှာ​ပေး​တာတို့​၊​ လုံခြုံ​ရေး​ကတ်ပြား​ပေး​တာတို့​တွေလုပ်မှာပါ။ သူတို့​က ဓာတ်ပုံ​တွေ ၂ မျိုး​ ယူလာဖို့​ ဒါ​တွေ​တော့​ ​ပြောရတာ​ပေါ့​။ သီး​ခြား​ညွှန်ကြား​တာ မရှိပါဘူး​။”

အန်အယ်လ်ဒီပါတီ ဗဟိုဌာနချုပ်အ​နေနဲ့​ လာမယ့်​ ဧပြီ ၁၉ နဲ့​ ၂၀ ရက်​နေ့​မှာ လွှတ်​တော် အစည်း​အ​ဝေး​ တက်​ရောက်မယ့်​ ကိုယ်စား​လှယ် အား​လုံး​နဲ့​ လွှတ်​တော်အတွက် ပြင်ဆင်ဖွယ်ရှိတာ​တွေကို အလုပ်ရုံ​ဆွေး​နွေး​ပွဲ ပြုလုပ်ဖို့​ ရှိပြီး​ လွှတ်​တော်တွင်း​ လွှတ်​တော်ပြင်ပ ​ဆောင်ရွက်ရမယ့်​ကိစ္စ​တွေအတွက် ရုံး​အဖွဲ့​ ဖွဲ့​စည်း​ရေး​တွေကိုပါ ​ဆွေး​နွေး​ပွဲအတွင်း​ ဆုံး​ဖြတ်ကြမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီက ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ဒီတကြိမ် လွှတ်​တော်အစည်း​အ​ဝေး​မှာ မူ​ဘောင်​တွေနဲ့​ ​ဆောင်ရွက်​နေတဲ့​ လုပ်ငန်း​စဉ်​တွေကို ပထမအဆင့်​အ​နေနဲ့​ ​လေ့​လာမယ်လို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ လှည်း​ကူး​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖြိုး​မင်း​သိန်း​က ဆိုပါတယ်။

“ဒီလွှတ်​တော်အစည်း​အ​ဝေး​က ပထမလွှတ်​တော် ကျင်း​ပ​နေတဲ့​ လွှတ်​တော်ရဲ့​ အဆက်အစည်း​အ​ဝေး​ ဖြစ်တဲ့​အတွက် ဒီလွှတ်​တော်အစည်း​အ​ဝေး​မှာ​တော့​ လွှတ်​တော်ကို ​လေ့​လာရုံ၊​ လွှတ်​တော်အတွင်း​မှာ ​ဆောင်ရွက်​နေတဲ့​ မူ​ဘောင်​တွေနဲ့​ ​ဆောင်ရွက်​နေမှု ပုံသဏ္ဌာန်​တွေကို ​လေ့​လာရုံ ပထမအဆင့်​တခု လုပ်နိုင်လိမ့်​မယ်လို့​ ထင်တယ်။ ၁၉ - ၂၀ ​တွေ့​ဆုံတဲ့​အ​ခြေအ​နေမှာလည်း​ လာမယ့်​လွှတ်​တော်အတွင်း​မှာ ဘယ်လို​တွေ ​ဆောင်ရွက်သွား​ကြမယ်ဆိုတာ​တွေ ညှိနှိုင်း​မှု​တွေ လုပ်နိုင်မယ်လို့​ ကျ​နော် ထင်ပါတယ်။”

အန်အယ်လ်ဒီပါတီက လွှတ်​တော်ကိုယ်စား​လှယ်​တွေအပြင် အခြား​ပါတီ​တွေက အနိုင်ရ ကိုယ်စား​လှယ်​တွေအ​နေနဲ့​ လွှတ်​တော်လုပ်ထုံး​လုပ်နည်း​ ဥပ​ဒေ​တွေနဲ့​အညီ တိုင်း​ပြည်နဲ့​ ပြည်သူ့​လူထုအကျိုး​တွေကို ​ဆောင်ရွက်နိုင်ကြဖို့​ကလည်း​ အ​ရေး​ကြီး​တယ်လို့​ ၂၀၁၀ ​ရွေး​ကောက်ပွဲ အနိုင်ရ သင်္ဃန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“လွှတ်​တော်ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေကို ​လေ့​လာထား​ဖို့​ လိုအပ်ပါတယ်။ ဒီဥပ​ဒေ​တွေ၊​ နည်း​ဥပ​ဒေ​တွေကိုင်ပြီး​တော့​ ကိုယ့်​ပါတီက ချမှတ်ထား​တဲ့​ ဒါမှမဟုတ် ကိုယ့်​မဲဆန္ဒနယ်အတွက် ကိုယ်လုပ်ချင်တဲ့​ ​ဆောင်ရွက်ဖို့​ ကြိုတင်ပြင်ဆင်ထား​သင့်​တယ်။”

အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​တွေအ​နေနဲ့​က​တော့​ လွှတ်​တော်တွင်း​မှာ အ​ကောင်း​ဆုံး​ အ​ပြောင်း​အလဲ​တွေဖြစ်ဖို့​ ​ဆောင်ရွက်သွား​မယ်လို့​လည်း​ ဦး​ဖြိုး​မင်း​သိန်း​က ဆိုပါတယ်။

“​ရွေး​ကောက်ပွဲ​ကြေညာစာတမ်း​မှာလည်း​ ​ဖော်ပြထား​ပြီး​ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က တိုင်း​ပြည်အတွက် အကျိုး​ရှိမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊​ ဝါဒစွဲ၊​ ပါတီစွဲမရှိဘဲနဲ့​ တိုင်း​ပြည်အကျိုး​ကို ​ရှေး​ရှုပြီး​ ပူး​ပေါင်း​ဆောင်ရွက်မယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ ထုတ်ပြန်ထား​ပြီး​ ဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ လွှတ်​တော်အတွင်း​မှာ ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​ ဒီမိုက​ရေစီအ​ရေး​ကို ​ရှေး​ရှုတဲ့​ ​ဆောင်ရွက်မှု​တွေ အား​လုံး​အ​ပေါ်မှာ ပူး​ပေါင်း​ဆောင်ရွက်နိုင်ပါတယ်။ လွှတ်​တော်အတွင်း​မှာ အ​ကောင်း​ဆုံး​အ​ပြောင်း​အလဲ ဖြစ်​ရေး​အတွက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က အမြဲတမ်း​ ​ရှေး​ရှု​ဆောင်ရွက်သွား​မှာပါ။”

လွှတ်​တော်အတွင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​နေနဲ့​ ဘယ်​လောက်အထိ ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို လက်​တွေ့​ လုပ်​ဆောင်နိုင်မလဲဆိုတဲ့​အ​ပေါ် အကဲဖြတ်သွား​ရမယ်လို့​လည်း​ ဦသိန်း​ညွန့်​က ဆိုပါတယ်။

“လွှတ်​တော်အတွင်း​မှာ လက်​တွေ့​ ​ဆောင်ရွက်ရင်း​နဲ့​ အကဲဖြတ်ရမှာ​ပေါ့​။ မြန်မာပြည် နိုင်ငံ​ရေး​က လွတ်လပ်​ရေး​ရပြီး​ကတည်း​က ဒီ​နေ့​အချိန်ထိ တိုင်း​ပြည်မျက်နှာ၊​ လူထုမျက်နှာထက် ဂိုဏ်း​ဂဏကို အ​တော် အ​လေး​ထား​ကြတာကိုး​။ တိုင်း​ပြည်နဲ့​ လူမျိုး​အတွက် တူတာ​တွေ တွဲလုပ်ကြမယ်။ မတူတာ​တွေ ခွဲလုပ်တဲ့​အခါမှာလည်း​ သည်း​ခံနား​လည်မှု ရှိတယ်ဆိုရင်​တော့​ ကျ​နော်တို့​နိုင်ငံရဲ့​ ဒီမိုက​ရေစီကူး​ပြောင်း​မှုမှာ ပိုပြီး​တော့​ ထိ​ရောက်လာမှာ​ပေါ့​။”

ဒီအ​ခြေအ​နေအ​ပေါ်မှာ အန်အယ်လ်ဒီပါတီအ​နေနဲ့​ လွှတ်​တော်တွင်း​ ​ရောက်နှင့်​ပြီး​သား​ ဒီမိုကရက်တစ်အင်အား​စု ကိုယ်စား​လှယ်​တွေအပြင် တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေနဲ့​ ပူး​ပေါင်း​ပြီး​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်နိုင်​ရေး​တွေကို ​ဆောင်ရွက်သွား​မှာလို့​လည်း​ ဦး​ဖြိုး​မင်း​သိန်း​က ဆိုပါတယ်။

“တပ်မ​တော်သား​ လွှတ်​တော်ကိုယ်စား​လှယ်​တွေမှ မဟုတ်ပါဘူး​။ လွှတ်​တော်ကိုယ်စား​လှယ်​တွေ အား​လုံး​နဲ့​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​ လုပ်ငန်း​စဉ်​တွေမှာ ဒီမိုက​ရေစီကို အာမခံတဲ့​၊​ လူ့​အခွင့်​အ​ရေး​ကို အာမခံတဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေကို တပ်မ​တော်သား​တွေက​နေ ကာကွယ် ​စောင့်​ရှောက်သင့်​တယ်ဆိုတဲ့​ အ​ခြေအ​နေ လမ်း​ကြောင်း​ပေါ်က​နေ တပ်မ​တော်သား​တွေ အ​ပေါ်မှာ အမြဲတမ်း​ လွှတ်​တော်အတွင်း​မှာပဲ ဖြစ်ဖြစ်၊​ လွှတ်​တော်ပြင်ပမှာပဲဖြစ်ဖြစ်၊​ စည်း​ရုံး​ဆောင်ရွက်မှာပါ။ ဘာ​ကြောင့်​လဲဆို​တော့​ တပ်မ​တော်ဟာ ဒီမိုက​ရေစီ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ကာကွယ်ခြင်း​ဖြင့်​ အမျိုး​သား​ရေး​ အခန်း​ကဏ္ဍမှာ ရပ်တည်သင့်​တယ်ဆိုတဲ့​ လမ်း​ကြောင်း​ကို ​ဆွေး​နွေး​ဖို့​ အစီအစဉ် ရှိပါတယ်။”

ဧပြီ ၂၃ ရက်​နေ့​မှာ ပြန်လည်ကျင်း​ပပြုလုပ်မယ့်​ ပထမအကြိမ် ပြည်သူ့​လွှတ်​တော် တတိယပုံမှန်အစည်း​အ​ဝေး​ အတွင်း​မှာ​တော့​ မရပ်နား​ခင်က ​ဆွေး​နွေး​လက်စ ဥပ​ဒေပြု​ရေး​ကိစ္စ​တွေကို ဆက်လက် ​ဆွေး​နွေး​ဖို့​ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013