DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင်
DVB
·
April 10, 2012
တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင်
Donate to DVB

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက်မှာရှိတဲ့ ဟေမ၀န်ဈေးမှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဈေးတ၀က်လောက် မီးထဲပါသွားတယ်လို့  မီးသတ်ဌာနက ပြောပါတယ်။

တောင်ဥက္ကလာပ မီးသတ်ဌာနက တာဝန်ရှိသူတဦးက   “မီးလောင်တာက  မနက် ၁ နာရီ  ၂၀ မိနစ်လောက်လို့ သိရပါတယ်။ မနက်  ၁ နာရီ ၂၅ မိနစ်လောက်မှာ သတင်းရပါတယ်။ မီးငြိမ်းသွားတာကတော့ ၂ နာရီ ၅၅ မိနစ်မှာ ငြိမ်းသွားတာပါ။ ဆိုင်ခန်းတွေ တော်တော်များများ ပါသွားတယ်။”

မီးလောင်မှုကြောင့် ဈေးဆိုင်ထွက်နေတဲ့ ဆိုင်ခန်းပေါင်း ၃၀၀ ကျော် မီးထဲပါသွားပြီး  ဈေးဆိုင်မထွက်တဲ့ ဆိုင်ခန်းတွေပါပေါင်းရင် ၃ ပေ ပတ်လည်နဲ့  ၅ ပေပတ်လည် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်လောက် မီးထဲပါသွားတယ်လို့ တောင်ဥက္ကလာပ မီးသတ်ဌာနက ပြောပါတယ်။

ဈေးရုံ ၂၄ ရုံမှာ ရုံ ၂၀ လောက် မီးလောင်ကျွမ်းသွားပြီး   အထည်ဆိုင်တန်း၊ အလှကုန်၊ ရွှေဆိုင်၊ ကုန်စိမ်းတန်း၊ သားငါးတန်းနဲ့  ဘေထုတ်အ၀တ်အထည်တွေ ရောင်းချတဲ့ ဆိုင်တွေ မီးထဲပါသွားတယ်လို့လည်း သိရပါတယ်။

မီးလောင်ရခြင်း အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပဲလို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013