A d v e r t i s e m e n t With Us

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မြောက်ကိုရီးယားစစ်သား သတိပြန်ရ

တောင်ကိုရီးယားဘက်ကို ထွက်ပြေးလို့ သေနတ်နဲ့ လိုက်လံပစ်ခတ်ခံရပြီး ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ခွဲစိတ်ကုသမှု ခံခဲ့ရတဲ့ မြောက်ကိုရီးယားစစ်သား သတိပြန်ရလာပြီလို့ သူ့ကိုကြီးကြပ်တဲ့ ဆရာဝန်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ သူ့ကို ခွဲစိတ်မှု နှစ်ကြိမ်လုပ်ခဲ့ရပြီး ကိုယ်ထဲက ကျည်ဆန်တွေ ထုတ်ယူခဲ့ပြီးနောက်မှာတော့ သတိပြန်ရလာကာ သူ့ဘာသာ အသက်ရှူနိုင်တဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ နောက်ထပ် အထူးကြပ်မတ်ကုသဖို့ လိုအပ်နေတဲ့ အဲဒီ မြောက်ကိုရီးယားစစ်သားဟာ ဆေးကုသမှုကို လိုက်နာဆောင်ရွက်မှုရှိပေမယ့် စကားပြောဖို့ တွန့်ဆုတ်နေတာ တွေ့ရပြီး စိတ်ဓာတ်ကျနေတဲ့ လက္ခဏာ တွေ့ရတယ်လို့ ခွဲစိတ်ဆရာဝန် လီကွတ်ဂျောင်က ပြောပါတယ်။ “သူ့အခြေအနေက မနေ့ကတည်းက ကောင်းလာပါပြီ။ ကျနော်တို့ မနေ့က သူ့အတွက် တီဗွီလည်း ဖွင့်ထားပေးပါတယ်။ ဒါပေမယ့် အစားအစာတော့ မစားနိုင်သေးပါဘူး။ ရေတော့ စသောက်နေပါပြီ” လို့ ခွဲစိတ်ဆရာဝန် လီကွတ်ဂျောင်က ပြောကြားသွားပါတယ်။ မြောက်ကိုရီးယား စစ်သားဟာ နိုဝင်ဘာ ၁၃ ရက်နေ့က တောင်ကိုရီးယားဘက်ကို ကားနဲ့ထွက်ပြေးစဉ် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရတဲ့အတွက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up