A d v e r t i s e m e n t With Us

နိုင်ဂျီးရီးယားဗလီတခု အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး လူ ၅၀ သေဆုံး

ဓာတ်ပုံ - ရိုက်တာ
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ဗလီတခုကို နိုဝင်ဘာ ၂၁ ရက်က လူတဦး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးသွားပါတယ်။ အခုလုပ်ရပ်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ထကြွသောင်းကျန်းနေတဲ့ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ လုပ်တတ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ အခုဗုံးခွဲတိုက်ခိုက်မှုဟာ  လက်ရှိ နိုင်ဂျီးရီးယားသမ္မတ မူဟာမဒူ ဘူဟာရီ ၂၀၁၅ ခုနှစ်က အာဏာရယူအပြီး လူအသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုတခု ဖြစ်ပါတယ်။ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ အရပ်သားနဲ့ စစ်ဘက်ပစ်မှတ်တွေကို ၈ နှစ်ကြာ တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ လက်ချက်ကြောင့် ၂၀၁၇ ခုနှစ်မှာ အနည်းဆုံး လူ ၂၇၈ ဦးထိ သေဆုံးသွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ တွက်ချက်လေ့လာမှုအရ သိရပါတယ်။ အခုဗုံးခွဲတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ အခုချိန်ထိ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up