မူဂါဘီ ရာထူးမှ ဆင်းပေးပြီးနောက် ဇင်ဘာဘွေပြည်သူများ အောင်ပွဲခံ

ဓာတ်ပုံ - ဘီဘီစီ
1.8K
ဇင်ဘာဘွေသမ္မတ မူဂါဘီ ရာထူးကနေ ဆင်းပေးပြီးနောက် မြို့တော် ဟာရဲရားရှိ လမ်းတွေပေါ်မှာ ပြည်သူတွေဟာ သီဆိုကခုန်ပြီး အောင်ပွဲခံနေကြပါတယ်။
နိုဝင်ဘာ ၂၁ ရက် ညက ဇင်ဘာဘွေ ပြည်သူတွေဟာ တင့်ကားပေါ်ရှိ စစ်သားတွေကို လက်ဆွဲနှုတ်ဆက်ကြပြီး တချို့ကလည်း စစ်ကားရှေ့မှာ ဓာတ်ပုံရိုက်ကြပါတယ်။
လမ်းတွေပေါ်မှာ ပြည်သူတွေ အောင်ပွဲခံသံနဲ့ ကားဟွန်းသံတွေဟာလည်း ရောပြွမ်းနေကြပါတယ်။
တချို့ကလည်း “နားလိုက်တော့ မူဂါဘီ” ဆိုတဲ့ စာတန်းတွေကိုင်ပြီး ပျော်ရွှင်နေကြပါတယ်။
အသက် ၉၃ နှစ်အရွယ် မူဂါဘီဟာ ဇင်ဘာဘွေတပ်မတော်နဲ့ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေက အနှစ် ၄၀ နီးပါး အာဏာဆုပ်ကိုင်ထားမှုကို အဆုံးသတ်ခဲ့ပြီး တပတ်အကြာမှာ ရာထူးကနေ ဆင်းပေးခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။