A d v e r t i s e m e n t With Us

ထိုင်းအကျဉ်းထောင်မှ ထွက်ပြေးခဲ့သည့် ဝီဂါမွတ်ဆလင် ၂၀ ကို ပြန်ဖမ်းရန် တရုတ်တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
ထိုင်းအကျဉ်းထောင်ကနေ အံ့သြဖွယ်ထွက်ပြေးသွားတဲ့ ဝီဂါမွတ်ဆလင် အယောက် ၂၀ ကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်မှာ တိုက်တွန်းပြောကြားသွားပါတယ်။ ထိုင်းနဲ့ မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ်ရှိ အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံက ဝီဂါမွတ်ဆလင် ၂၅ ဦးမှာ ၅ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ကျန် ၂၀ ကတော့ လွတ်မြောက်သွားတာပါ။ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် အဲဒီအကျဉ်းသားတွေရဲ့ ထောက်ဖောက်ပြေးဖို့ ကြိုးပမ်းတဲ့ အသံတွေကို ဖုံးလွှမ်းသွားစေတာလည်း ဖြစ်ပါတယ်။ အဲဒီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ဝီဂါမွတ်ဆလင်တွေဟာ သူတို့ကိုယ်သူတို့ တူရကီနိုင်ငံသားလို့ ပြောကြပြီး တူရကီနိုင်ငံကို ပို့ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းမှာ ဝီဂါအကျဉ်းသား ၁၀၀ ကျော်ကို ထိုင်းအစိုးရက တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီလို တရုတ်ကိုပြန်ပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအုပ်စုတွေနဲ့ နိုင်ငံတကာက ပြစ်တင်ပြောကြားခဲ့ကြပါတယ်။ အကြောင်းကတော့ တရုတ်ကို ပြန်ပို့ခံရသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရမှာ စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up