ယာဉ်အသွားအလာများသည့် လမ်းမတခုပေါ် လေယာဉ်ငယ်တစင်း အရေးပေါ်ဆင်းသက် (ရုပ်သံ)
Published By
DVB | 21 November, 2017
2.7K
0
Share
0
Comment
0
Likes
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ ယာဉ်အသွားအလာများတဲ့ လမ်းမတခုပေါ်ကို လေယာဉ်ငယ်တစင်း အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ကလီးယားဝါးတားမြို့ နော့ကင်းလမ်းမပေါ်ကို လေယာဉ်ငယ်တစင်း ခပ်နိမ့်နိမ့်ပျံသန်းခဲ့ပြီးနောက် အရေးပေါ်ဆင်းသက်ခဲ့ပုံကို ရဲကားပေါ်ရှိ ဒက်ရှ်ဘုတ် ကင်မရာနှစ်ခုက မှတ်တမ်းတင်ခဲ့ပါတယ်။
လေယာဉ်ငယ်ပေါ်မှာ လူနှစ်ဦး လိုက်ပါလာခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
လေယာဉ်ဆီဖြည့်ပြီး မကြာခင် အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာတက်ခဲ့ပြီးနောက် လေယာဉ်ကွင်းတခုကို သွားဖို့ အချိန်မမီတာကြောင့် ကားလမ်းမပေါ် အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်တယ်လို့ ပိုင်းလော့ဖြစ်သူက ပြောပါတယ်။
ဖက်ဒရယ်လေကြောင်း အေဂျင်စီရဲ့ လေယာဉ်ပျက်ကျခြင်း အကြောင်းရင်း စုံစမ်းရေးမှာ ရဲတပ်ဖွဲ့က ကူညီပေးနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။