အွန်လိုင်းပေါ် နာမည်ကြီးနေသည့် MMA ကစားသမား၏ ပွဲသိမ်းနောက်ပြန်ကန်ချက် (ရုပ်သံ)
Published By
DVB | 21 November, 2017
3.3K
0
Share
0
Comment
0
Likes
အင်္ဂလိပ် MMA ကစားသမားတဦးရဲ့ နောက်ပြန်ခေါင်းကန်ချက်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။
Shock N Awe 26 ပြိုင်ပွဲမှာ အသက် ၂၉ နှစ်အရွယ် အိုလီဖလင့်န်က အသက် ၂၀ အရွယ် အာရွန်ဂရေးကို ပထမအချီမှာတင် နောက်ပြန်ပင့်ကန်ချက်နဲ့ မထင်မှတ်တဲ့ အနေအထားကနေ အလဲထိုး အနိုင်ရခဲ့တာပါ။
ဒါပေမယ့်လည်း ပထမအချီပြီးဆုံးပြီးလို့ ၁၇ စက္ကန့်ကြာချိန်မှာ အလဲထိုး အနိုင်ရခဲ့တာဖြစ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် လူသားအမှားတခုဖြစ်တယ်လို့ ပြိုင်ပွဲတာဝန်ရှိသူတွေက တုံ့ပြန်ခဲ့ပါတယ်။
အိုလီဖလင့်န်ရဲ့ အလဲထိုး အနိုင်ရတဲ့ ဗွီဒီယိုဖိုင်ဟာ ခဏတာအတွင်းမှာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တဲ့ အာရွန်ဂရေးနဲ့ သူ့ရဲ့အသင်းကို ပြိုင်ပွဲတာဝန်ရှိသူတွေက ပြန်လည်တောင်းပန်ထားခဲ့ပါတယ်။