DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့တွင် လူငယ်တဦး ဓာတ်လိုက်သေဆုံး
DVB
·
April 9, 2012
Donate to DVB

မန္တလေးတိုင်း မြင်းခြံမြို့မှာ ဧရာဝတီဘဏ်ခွဲတခုကို ဆောက်လုပ်မွမ်းမံတဲ့ လုပ်ငန်းခွင်မှာ လူငယ်တဦး မနေ့ ညနေက ဓာတ်လိုက်ပြီး ငြမ်းပေါ်က ပြုတ်ကျ သေဆုံးခဲ့တယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။

“ဧရာဝတီဘဏ်လေ၊ ဆိုင်အပြင်အဆင်လုပ်တာပေါ့။ အလုပ်သမားလေး မနေ့က ငြမ်းပေါ်မှာ ဂဟေဆော်တာ ဓာတ်လိုက်ပြီးတော့ အပေါ်က ပြုတ်ကျတာ။ မနေ့က ညနေ ငါးနာရီခွဲလောက်။  ဆေးရုံသယ်သွားတယ်။ ရှစ်နာရီခွဲလောက်မှာ ပြန်သယ်သွားတယ်။ ရဲကလည်း မလာဘူး။ အရေးလည်းမယူဘူး။”

ညရှစ်နာရီခွဲမှာ အလောင်းကို သယ်ထုတ်သွားတယ်လို့ ကြားသိရကြောင်းနဲ့ ဧရာဝတီဘဏ်ဟာ သူဌေးဦးဇော်ဇော် ပိုင်ဆိုင်တဲ့ ဘဏ်ဖြစ်ပြီး ရဲက ဒီကိစ္စကို ဖုံးဖုံးဖိဖိ လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ကောလာဟလ အရပ်ထဲမှာ ပျံ့နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြင်းခြံအမှတ် (၁) ရဲခစန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ရဲတာဝန်ကျက ဒီလူသေမှုကို စခန်းမှူးကိုယ်တိုင် စစ်ဆေးမေးမြန်းနေတယ်လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် (၂၆) နှစ်အရွယ် မောင်ထွန်းထွန်းဝင်းဖြစ်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့ကလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013