A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည်အပါအဝင် အနိုင်ရ အန်အယ်လ်ဒီကိုယ်စား​လှယ်များ​ကို လွှတ်​တော်တက်ရန် ဆင့်​ခေါ်

ဦး​ဉာဏ်ဝင်း
ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲက​နေ ​ရွေး​ကောက်တင်​မြှောက်ခံလိုက်ရတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် NLD ပါတီက အနိုင်ရ ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ် ၃၇ ဦး​ကို လွှတ်​တော်အစည်း​အ​ဝေး​ စတင်တက်​ရောက်ဖို့​ လွှတ်​တော်ရုံး​က ဆင့်​ခေါ်လိုက်ပါတယ်။ ယာယီရပ်နား​ထား​တဲ့​ ပထမအကြိမ် ပြည်သူ့​လွှတ်​တော် တတိယပုံမှန်အစည်း​အ​ဝေး​ကို တက်​ရောက်ဖို့​ ပြည်သူ့​လွှတ်​တော်ရုံး​ ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ခင်​မောင်ဦး​က ဧပြီ ၉ ရက် မနက် ၁၀ နာရီက ဖုန်း​ဆက်အ​ကြောင်း​ကြား​လာတယ်လို့​ အန်အယ်လ်ဒီ ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။ ဒါ​ကြောင့်​ ​ရွေး​ကောက်တင်​မြှောက်ခံ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ​နေပြည်​တော်ကို ဧပြီ ၂၂ ရက်​နေ့​ အ​ရောက်သွား​ရောက်ကြမှာဖြစ်ပြီး​ ကိုယ်စား​လှယ်အဖြစ် အသိအမှတ်ပြုလွှာ​တွေကို လက်ခံဖို့​ ရှိ​နေတာပါ။ အန်အယ်လ်ဒီပါတီက အနိုင်ရ ကိုယ်စား​လှယ်​တွေကို ဧပြီ ၁၉ ရက်နဲ့​ ၂၀ ရက်​နေ့​မှာ ပါတီဌာနချုပ်ကို ဆင့်​ခေါ်ထား​ပြီး​ လွှတ်​တော်တွင်း​ ပြင်ဆင်ဖွယ်ရာ​တွေနဲ့​ ကိုယ်စား​လှယ်​တွေအတွက် ရုံး​အဖွဲ့​ ဖွဲ့​စည်း​ရေး​ ကိစ္စ​တွေကို ​ဆွေး​နွေး​သွား​ဖို့​တွေလည်း​ ရှိ​နေတယ်လို့​ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။ ဦး​ဥာဏ်ဝင်း​နှင့်​ ​မေး​မြန်း​ချက် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်​တွေကို အန်ကယ်တို့​ကို လွှတ်​တော်ရုံး​က ဘယ်တုန်း​က စပြီး​အ​ကြောင်း​ကြား​လဲ၊​ ဘယ်လိုအ​ကြောင်း​ကြား​လဲဆိုတာ သိချင်ပါတယ်။ “ပြည်သူ့​လွှတ်​တော်ရုံး​က ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဦး​က ဒီ​နေ့​မနက် ၁၀ နာရီခွဲမှာ အ​ကြောင်း​ကြား​ပါတယ်။ ၂၂ ရက်​နေ့​ အ​ရောက်လာဖို့​နဲ့​ ၂၃ ရက်​နေ့​ အစည်း​အ​ဝေး​တက်ဖို့​၊​ အ​ကြောင်း​ကြား​ပါတယ်။” အခု​လော​လောဆယ် ကျင်း​ပ​နေတဲ့​ ပထမအကြိမ် ပြည်သူ့​လွှတ်​တော် တတိယ ပုံမှန်အစည်း​အ​ဝေး​ရဲ့​ ဒုတိယ အသုတ်လို့​ ​ပြောရင်ရမယ်နဲ့​ တူတယ်။ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ​တွေကို ဆင့်​ခေါ်တာဆို​တော့​ အန်ကယ်တို့​ပါတီက အ​ရွေး​ချယ်ခံ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ၃၇ ဦး​အတွက် ပါတီက​နေ ဘာ​တွေများ​ စီစဉ်​ပေး​ဖို့​ ရှိမလဲ။ “ကျ​နော်တို့​က ဘာမှစီစဉ်​ပေး​စရာ မလိုဘူး​။ ၂၂ ရက်​နေ့​မှာ အုပ်ချုပ်​ရေး​ကိစ္စအတွက် အသိအမှတ်ပြုလွှာ ​ပေး​တာတို့​၊​ လုံခြုံ​ရေး​ကတ်ပြား​ ​ပေး​တာတို့​၊​ အဲဒါ​တွေလုပ်မှာပါ။ ဓာတ်ပုံ ၂ မျိုး​ ယူလာဖို့​တော့​ ​ပြောရတာ​ပေါ့​။ သီး​ခြား​ညွှန်ကြား​တာ​တော့​ မရှိပါဘူး​။” ၁၉ ရက်နဲ့​ ၂၀ ရက်​နေ့​တွေမှာ ကိုယ်စား​လှယ်​တွေကို အစည်း​အ​ဝေး​တွေ ဘာ​တွေများ​ ရုံး​ချုပ်က​နေ ဆင့်​ခေါ်ထား​တာ ရှိနိုင်မလား​။ “အား​လုံး​ကို ၁၉ - ၂၀ မှာ​ခေါ်ထား​တယ်။” အဲဒီမှာ​ကော အန်တီနဲ့​ တခြား​အမတ်​တွေ အတွက်​ကော လွှတ်​တော်ကိုယ်စား​လှယ်ရုံး​ အဖွဲ့​တွေ စီစဉ်​ပေး​ဖို့​ကော အန်ကယ်တို့​ ပါတီဘက်က​ကော ရှိနိုင်မလား​။ “အဲဒါ စဉ်း​စား​ထား​တဲ့​ အထဲမှာပါပါတယ်။” ဘယ်လို​တွေများ​ အန်ကယ်တို့​ စဉ်း​စား​ထား​ကြလဲ။ “အဲဒါက​တော့​ ဒီကိစ္စက ရှိဖို့​လိုအပ်တယ်ဆိုတာကို ​ဆွေး​နွေး​ထား​တာရှိတယ်။ ဘယ်သူ့​ကို တာဝန်​ပေး​မယ်ဆိုတာ​တော့​ ၁၉ - ၂၀ ​လောက်မှ သိရမယ်။”+

A d v e r t i s e m e n t With Us

More News
Up