A d v e r t i s e m e n t With Us

ပေါင် ၈၉ သန်းတန်ကြောင်း ပေါ့ဂ်ဘာ ပြသနိုင်ခဲ့ဟု ဖာဒီနန် ပြော

ဓာတ်ပုံ - Getty Images
မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ပေါ့ဂ်ဘာကို ဘာ့ကြောင့် ပေါင် ၈၉ သန်း အသုံးပြုပြီး ခေါ်ယူခဲ့ရသလဲဆိုတာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပြသနိုင်ခဲ့ပြီ ဖြစ်တယ်လို့ အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပေါ့ဂ်ဘာဟာ ၁ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး ကစားသွားနိုင်ပြီး သွင်းဂိုးတဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဒူးဒဏ်ရာကြောင့် ၂ လကျော် အနားယူခဲ့ရပေမယ့် ပထမဆုံး ပြန်ကစားတဲ့ ပွဲမှာပဲ အခုလို ခြေစွမ်းပြပြီး အနိုင်ရလဒ်ကို ရယူပေးနိုင်ခဲ့တာပါ။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်ကနေ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ဂျူဗင်တပ်အသင်းကို ရောက်ရှိသွားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၉၀ နီးပါးပေးပြီး ပြန်ခေါ်ယူခဲ့ရတာကြောင့် ပရိသတ်နဲ့ ဘောလုံးသုံးသပ်သူတချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up