Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးဌာန ၂ ခု တိုးချဲ့ဖွဲ့စည်း၍ ၀န်ကြီး ၂ ဦးခန့်အပ်ရန်ရှိ
ရွှေအောင်
·
November 20, 2017
  ပြည်ထောင်စုဝန်ကြီးဌာန ၂ခု တိုးချဲ့ဖွဲ့စည်းဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ တင်ပြထားပြီး ၀န်ကြီး ၂ ဦး ခန့်အပ်ဖို့လည်း ရှိပါတယ်။ နိုဝင်ဘာ ၂၀ရက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီးဌာန ၂ ခုတိုးချဲ့ဖွဲ့စည်းဖို့နဲ့ ၀န်ကြီး ၂ ဦး ခန့်အပ်မယ့်ကိစ္စ ရှင်းလင်းဆွေးနွေးကြမယ်လို့ လွှတ်တော်အစီအစဉ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ဌာန ၂ ခု တွဲကိုင်ထားတဲ့ ၀န်ကြီးတွေနေရာမှာ ဌာနတိုးချဲပြီး ခန့်ဖို့ရှိတယ်လို့ ပြောပါတယ်။ “ဥပမာ လျှပ်စစ်နဲ့စွမ်းအင်ကို ထပ်တွဲမလား ခွဲမလား အဲ့ဒါမျိုးတွေ နောက်သတ္တုတွင်းနဲ့ သစ်တော မတူတဲ့ဟာတွေပေါ့။ ဥပမာဗျာ ဦးအုန်းဝင်းက သစ်တောဘက်က လာတယ်။ သတ္တုတွင်းကျတော့ သူလုံးလုံး မသိဘူး။ သတ္တုတွင်းက သပ်သပ်ထားမှ ဖြစ်မှာလေ။ ကြာပြီ အဲ့ဒါ။ အသစ်ထပ်ဖွဲ့မယ်ဆိုတာ ၃ လလောက်တောင် ရှိပြီ။” ၀န်ကြီးတွေကတော့ ပြင်ပက ပညာရှင်တွေပဲ ဖြစ်ဖို့များတယ်လို့လည်း ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ၀န်ကြီးဌာနတွေကို လျှော့ချဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ ၀န်ကြီးဌာန ၂၂ခု ရှိပြီး ထပ်ဖွဲ့မယ့် ၂ ခုနဲ့ဆို ၀န်ကြီးဌာန ၂၄ ခု ရှိလာမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024