DVB Logo
Home
နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွှန့် ပြော
DVB
·
April 8, 2012
ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွှန့် ပြော
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်လို့ မြန်မာဝန်ကြီးချုပ်ဟောင်းက ထုတ်ဖော်ပြောဆိုတဲ့အကြောင်း ဒီကနေ့ထုတ် ဗန်ကောက်ပို့စ် ထိုင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

[caption id="attachment_19958" align="alignleft" width="300" caption="ဦးခင်ညွှန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်"][/caption]

ဇန်န၀ါလက နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ဟာ လွန်ခဲ့တဲ့ ၉ နှစ်လောက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ကယ်တင်ဖို့ ပုဂ္ဂိုလ်ရေးအရ ကြားဝင်ဆောင်ရွက်ခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မြို့စွန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်မယ့် စစ်အစိုးရကို လိုလားတဲ့အုပ်စုထံက ကယ်တင်ခဲ့ရတယ်လို့ ယခင် စစ်ထောက်လှမ်းရေးတပ် အကြီးအကဲ ဦးခင်ညွှန့်က ပြောဆိုလိုက်တာပါ။

ဒီပဲယင်း လုပ်ကြံမှုမှာ သေဆုံးရမှုတွေကို အတည်ပြုပြောကြားတာ မရှိသေးပေမယ့် မြန်မာအစိုးရ အတိုက်အခံတွေဘက်ကတော့ အဲဒီတိုက်ခိုက်မှုမှာ လူ ၅၀ လောက်ထိ ရှိတယ်လို့ ပြောကြပါတယ်။

“အဲဒီညမှာ လူအုပ်ထဲကနေ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်)ကို ကယ်ထုတ်လာခဲ့ဖို့ ကျနော့်လူတွေကို လွှတ်လိုက်ပါတယ်။ ပြီးတော့ သူတို့တွေက သူ့ကို အနီးအနားက နယ်မြေတပ်စခန်းကို လုံခြုံအောင် ခေါ်ဆောင်သွားခဲ့ပါတယ်”လို့ ဒီကနေ့ ဘန်ကောက်စ်ပို့စ် သတင်းစာရဲ့အင်တာဗျူးမှာ ပြောထားပါတယ်။

ဦးခင်ညွန့်ရဲ့ အခုလိုပြောဆိုချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားအမြင် မေးကြည့်တော့ ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက “အမှန်တကယ်ပြောရင်တော့ အဲဒီဟာကို ကျနော်တို့ မကြားဖူးဘူး။ ကျနော်သိသလောက်ပြောတာပါ။ အဲဒီတိုက်ခိုက်မှုကို ထောက်လှမ်းရေးက လုပ်တာ မဟုတ်ဘူးလို့ ကျနော်တို့ကြားတယ်။ အဲဒီလို ကယ်ထုတ်တဲ့အဆင့်တော့ မကြားဘူး။”

ဦးခင်ညွန့်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ညီမငယ်လို သဘောထားပြီး သူ့ရဲ့ ပြတ်သားမှုအတွက် မောင်နှမရင်းချာပမာ လေးစားအားရမှု ရှိပါတယ်လို့ ဘန်ကောက်ပို့စ်ကို  ပြောသွားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013