အီတလီအသင်း နည်းပြသစ်ခေါ်ယူရန် အပူတပြင်း ရှာဖွေနေ

နှစ်ခြောက်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီအသင်းဟာ နည်းပြသစ်တဦး ခေါ်ယူဖို့အတွက် အပူတပြင်း ရှာဖွေနေခဲ့ပါတယ်။ ခန့်အပ်ဖို့ လျာထားတဲ့စာရင်းမှာ ဥရောပကလပ်အသင်းကြီးတွေရဲ့ နည်းပြဟောင်းတွေလည်း ပါဝင်နေပါတယ်။ ထိပ်ဆုံးက ရေပန်းစားနေတဲ့ နည်းပြတွေကတော့ လက်ရှိ ချဲလ်ဆီးနည်းပြ အန်တိုနီယိုကွန်တီ၊ ဂျူဗင်တပ်စ်နည်းပြ အူနိုင်းအန်မရီ၊ လက်စတာနည်းပြဟောင်း ရေနီယာရီတို့ပဲ ဖြစ်ပါတယ်။ လက်စတာနည်းပြဟောင်း ရေနီယာရီကတော့ ကမ်းလှမ်းလာမယ်ဆိုရင် စဉ်းစားသွားမယ်လို့ ပြောကြားထားခဲ့ပေမယ့် တခြားနည်းပြတွေကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ နည်းပြသစ်အဖြစ် ပရိသတ်အများစုက ခန့်အပ်လိုနေတဲ့ နည်းပြကတော့ ချဲလ်ဆီးနည်းပြ ကွန်တီ ဖြစ်ပြီး အင်တာနည်းပြ စပယ်လက်တီကတော့ အေစီမီလန်၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း အန်စလော့တီသာ အသင့်တော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

More News
Up