A d v e r t i s e m e n t With Us

မဲပြား​များ​တွင် ဖ​ယောင်း​သုတ် မသုတ် ​ကော်မရှင် စုံစမ်း​မည်

ဧပြီ ၁ ရက်က ကျင်း​ပတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မဲပြား​တွေ​ပေါ် ဖ​ယောင်း​သုတ်ထား​တယ် ဆိုတဲ့​ကိစ္စကို ​ကော်မရှင်က စုံစမ်း​ဖော်ထုတ်​တော့​မှာ ဖြစ်ပါတယ်။ မဲပြား​တွေမှာ ဖ​ယောင်း​သုတ်မသုတ် စုံစမ်း​ဖော်ထုတ်ဖို့​ အဖွဲ့​တွေ ဖွဲ့​စည်း​ ​ပေး​ထား​ပြီး​ပြီလို့​ ရန်ကုန်တိုင်း​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌ ဦး​ကိုကိုက ဒီဗီဘီကို ခုလို​ပြောပါတယ်။ “၄ မြို့​နယ်မှာ စုံစမ်း​စစ်​ဆေး​ဖို့​ အဖွဲ့​ ၄ ခု ဖွဲ့​ထား​ပေး​တယ်။ တနင်္လာ​နေ့​ကစပြီး​ သွား​ပြီး​တော့​ စစ်​ဆေး​မှု​တွေ လုပ်​တော့​မှာပါ။ result (ရလဒ်) က​တော့​ မထွက်​သေး​ဘူး​။ ဘယ်လို​ကြောင့်​ အဲဒီသတင်း​ထွက်သလဲဆိုတာ ကိုယ်လည်း​ စဉ်း​စား​လို့​ မရနိုင်​အောင် ဖြစ်​နေတယ်။” ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ ညွှန်ကြား​ချက်အရ အခုလို ​ဆောင်ရွက်တာဖြစ်ပြီး​ ရန်ကုန်တိုင်း​အတွင်း​ မြို့​နယ် ၄ ခုမှာ စုံစမ်း​ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း​ထဲ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို မြို့​နယ် ၆ ခုမှာ ကျင်း​ပပြုလုပ်ခဲ့​ပြီး​ ဖ​ယောင်း​သုတ်တဲ့​ကိစ္စကို​တော့​ ​ကော့​မှူး​၊​ မင်္ဂလာ​တောင်ညွှန့်​၊​ ဒဂုံဆိပ်ကမ်း​နဲ့​ မရမ်း​ကုန်း​မြို့​နယ်​တွေမှာ စုံစမ်း​စစ်​ဆေး​ ​ဖော်ထုတ်မှာ ဖြစ်ပါတယ်။ မဲပြား​တွေမှာ ဖ​ယောင်း​သုတ်ထား​တဲ့​ကိစ္စ စုံစမ်း​ဖော် ထုတ်​ပေး​ဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဧပြီ ၁ ရက်​နေ့​ကတည်း​က ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံ တိုင်ကြား​ခဲ့​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up