A d v e r t i s e m e n t With Us

ဟာဇက်နှင့် မိုရာတာ တိုက်စစ်အတွဲ ချဲလ်ဆီးနည်းပြ ကျေနပ်

အီဒင်ဟာဇက်နဲ့ မိုရာတာတို့ တိုက်စစ်အတွဲကို ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက ကျေနပ်အားရနေပြီးတော့ ရှေရှည်မှာ တွဲဖက်အသုံးပြုပြီး ပွဲထွက်ဖို့ ရှိနေပါတယ်။ ဝက်စ်ဘရွန်းအသင်းရဲ့ အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မိုရာတာက အဖွင့်ဂိုးသွင်းယူပြီးတော့ ဟာဇက်ကလည်း နောက်ထပ် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရပေမယ့် မနေ့ကပွဲမှာတော့ ၂ ဂိုးသွင်းယူပေးခဲ့တာပါ။ ဟာဇက်-မိုရာတာ အတွဲနဲ့ ပတ်သတ်လို့ အကောင်းဆုံး ချိတ်ဆက်မှု ရနေပြီဖြစ်ပြီးတော့ ဟာဇက်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေသလို အကောင်းဆုံး ကစားထားနိုင်ပါတယ်။ တခြားအသင်းတွေအနေနဲ့လည်း ဟာဇက်နဲ့ မိုရာတာအတွဲကို တားဆီးဖို့ အခြားနည်းလမ်းတွေ ရှာရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အခုနှစ်ရာသီမှာ ရောက်ရှိလာခဲ့တဲ့ မိုရာတာကလည်း ၉ ဂိုးထိသွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up