A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မည့် အစီအစဉ်ပုံများ ထွက်ပေါ်

မြောက်ကိုရီးယားက ပထမဦးဆုံးအနေနဲ့ ရေငုပ်သင်္ဘာကနေ ပဲထိန်းဒုံးကျည်တွေပစ်လွှတ်ဖို့ စီစဉ်နေတယ်လို့ အိတ်စ်ပါ့ဝဒ်ဆိုဒ် ၃၈ နော့သ်ဆိုတဲ့ အင်တာနက်စာမျက်နှာရဲ့ ဂြိုဟ်တုက ဖမ်းယူရရရှိတဲ့ ပုံအသစ်တွေအရ သိရပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေက မြောက်ကိုရီးယားရဲ့ မြေပြင်ပေါ်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေရဲ့ တိုးတက်မှုကို သတိပေးနေသလို မြောက်ကိုရီးယားရဲ့ ရေငုပ်သဘောင်္တွေကနေ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ဖို့ အစီအစဉ်ကို နှစ်ပေါင်းများစွာ ဆောင်ရွက်နေတယ်ဆိုတာ သတိပြုနိုင်တယ်လို့ ဆိုပါတယ်။ ခုထွက်ပေါ်လာတဲ့ ပုံသစ်တွေအရ မြောက်ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းက ဆင်ပိုသင်္ဘောကျင်းမှာ ဆိုတာကို ပြနေပြီး ဒုံးကျည်ပစ်လွှတ်ဖို့ အခြားရေငုတ်သင်္ဘောတစီး ဆောက်လုပ်နေတာ ဖြစ်နိုင်မယ့် သဲလွန်စတွေလို့ ဆိုပါတယ်။ ဂြိုဟ်တုက ဖမ်းယူရရှိတဲ့ ပုံတွေကနေ ၂၀၁၇ ခုနှစ် တလျှောက်လုံး ဆက်တိုက် လုပ်ဆောင်နေတဲ့ သင်္ဘောကျင်းဝန်းထဲကနေ ဆောက်လုပ်ရေး ခန်းမတွေထဲ အစိတ်အပိုင်းတွေ ဝင်သွားတာ ထွက်လာတာကို ပြနေပြီး “ရေငုပ်သင်္ဘော တည်ဆောက်မယ့်အစီအစဉ်ကို အချိန်ကြာရှည်စွာ လုပ်နေတာ” ကို ပြနေတယ်လို့ ၃၈ နော့သ်အင်တာနက်စာမျက်နှာအရ သိရပါတယ်။ ဂြိုဟ်တုက ဖမ်းယူရရှိတဲ့ ပုံတွေ တမျိုးတည်းနဲ့ မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောကနေ ဒုံးကျဉ်ပစ်ခတ်မယ့် အစီအစဉ်က ဘယ်လောက်ပြီးစီး တိုးတက်နေတယ်ဆိုတာ ခန့်မှန်းဖို့ခက်ပေမယ့် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုက လက်နက်ထိန်းချုပ်ရေး ကျွမ်းကျင်သူ မာ့က်ဖစ်ဇ်ပက်ထရစ်က အကယ်၍ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီယာအင်အားကို ဖယ်ရှားတိုက်ခတ်ခံရတာနဲ့ ကြုံခဲ့ရင် ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်တာက မြောက်ကိုရီးယားကို ဒုတိယရွေးစရာ လုပ်နိုင်ခြေဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ “အခုအချိန်အထိ မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးကျည်တိုးတက်မှု ခြေလှမ်းတွေကနေ ဆန်းစစ်သူတွေကို မျှော်လင့်ထားတာထက် ပိုလုပ်နိုင်တာကို ပြပြီး အံ့အားသင့်စေတယ်” လို့ မာ့က်က ပြောပါတယ်။ ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည်ပစ်လွှန်ဖို့က လုံးဝစိန်ခေါ်မှုတွေ ရှိပေမယ့် ဒီအစီအစဉ်က ပြုံ့ယမ်းရဲ့မဟာဗျူဟာ ရည်မှန်းချက်တွေထဲက အစီအစဉ် တခုဖြစ်ပြီး သူ့ရဲ့နျူကလီးယား လက်နက်ကို မကြာခင် အချိန်တခုခု အတောအတွင်းမှာ စွန့်လွှတ်ဖို့ မရှိဘူးဆိုတာလည်း ပြနေတယ်လို့ ဘီဘီစီသတင်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up