Home
မြန်မာသတင်း
မော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ကွမ်းယာဆိုင်ဝင်တိုက်၊ လင်မယား ၂ နှစ်ဦး သေဆုံး
DVB
·
November 19, 2017
မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာ ကျေးရွာ၊ နတ်မောက်လမ်း၊ ဖန်ခါးမြေဂေါက်ကလပ်အနီးမှာ နိုဝင်ဘာ ၁၈ ရက်က မော်တော်ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ ကွမ်းယာဆိုင်ကို ၀င်တိုက်လို့ ကွမ်းရောင်းသူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ယာဉ်မောင်းအာကာကျော် မောင်းနှင်လာတဲ့ကားဟာ အရှေ့ကကားကို ကျော်တက်ရာ အရှိန်မထိမ်းနိုင်ဘဲ လမ်းယာဘက်ရှိ ပလက်ဖောင်းကိုကျော်ပြီး ကွမ်းယာဆိုင်ကို ဝင်ရောက်တိုက်မိရာ ကွမ်းယာရောင်းသူ ကိုတူးနိုင်နဲ့ ဇနီးဖြစ်သူ မအိအိချောတို့ သေဆုံးခဲ့ပြီး ယာဉ်မောင်း ကိုအာကာကျော်လည်း နဖူးကွဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်နေရာကို မကွေးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းမောင်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးယာဉ်တစီး၊ လူနာတင်ယာဉ်တစီးတို့နဲ့ သွားရောက်ပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ခဲ့တာ ဖြစ်ပါတယ်။ မကွေးမြို့မရဲစခန်းက ယာဉ်မောင်းအာကာကျော် ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)/၃၃၇ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မင်ထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024