Home
မြန်မာသတင်း
ပုလောတွင် ABSDF ကျဆုံးရဲဘော်များအားရည်စူး၍ ဆွမ်းကျွေးတရားနာ
DVB
·
November 19, 2017
23621149_527467240922891_7135116124097011773_n
23622137_527467190922896_4479529010643134205_n
23621544_527464567589825_6364129159985886516_n
23621263_527464477589834_3587850021806791382_n
23517882_527464517589830_4521851233828090611_n
  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၂၉ ကြိမ်မြောက် နှစ်ပတ်လည်နေ့မှာ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ သေဆုံး/ကျဆုံးသွားတဲ့ ရဲဘော်ရဲမေတွေကို ရည်စူးပြီး ဆွမ်းကျွေးတရားနာ ရေစက်ချအခမ်းအနားကို ပုလောမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ တန်းရှင်းကျေးရွာ တန်းရှင်းဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာပါ။ အဲဒီအခမ်းအနားကို ABSDF တောင်ပိုင်း ရဲဘော်ဟောင်းများ လူမှုကွန်ရက်မှ ဦးစီးကျင်းပခဲ့ပြီး ထားဝယ်၊ ပုလော၊ မြိတ်၊ တနင်္သာရီ မြို့နယ်တွေမှ ရဲဘော်ဟောင်းတွေနဲ့ မိသားစုဝင်တွေ အခြားဧည့်သည်တော်တွေ စုစုပေါင်းအင်အား ၂၀၀ ကျော် တက်ရောက်ခဲ့ကြ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024