A d v e r t i s e m e n t With Us

ကော့သောင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရ

ကော့သောင်းမြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့ညက ယာဉ်တိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ် အောင်ဇော်မင်းထွန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ယောဉ်မောင်း အောင်လွင် မောင်းနှင်လာတဲ့ ခဲရောင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက ဆိုင်ကယ်တစီးကို တိုက်မိပြီး မြို့တွင်းကိုမောင်းနှင်ထွကိပြေးလာခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးတာကို ရပ်တန့်ခြင်းမရှိဘဲ သီရိမြိုင်ရပ်ကွက်ဘက်ကို ဆက်လက်မောင်းနှင်ခဲ့ရာ ကားလမ်းတလျောက်မှာ ဆိုင်ကယ်တွေကို တိုက်ခဲ့ပြီး ကော့သောင်း-ဘုတ်ပြင်း ကားလမ်းအတိုင်း ဆက်လက်မောင်းနှင်ထွက်ပြေးခဲ့လို့ မလိဝမ်းကျေးရွာ ရဲကင်းစခန်းမှူး ဒုရဲအုပ်ဥာဏ်လင်းထွန်းနဲ့အဖွဲ့က အဝေးပြေးလမ်းမပေါ်မှာ ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ကလေးငယ်တဦးအပါအဝင် စုစုပေါင်းလူနာ ၁၁ ဦးကို ဆေးရုံတင်ပို့ခဲ့ရပြီး  စိုးရိမ်ရသူတဦးရှိတယ်လို့ ဆိုပါတယ်။ ကော့သောင်းမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အောင်လွင်ကို ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇/၂၀၂ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ လတ်ကိုကိုဦး

A d v e r t i s e m e n t With Us

More News
Up