Home
မြန်မာသတင်း
မိုးညှင်းမြို့အဝင်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူတဦး ဖမ်းမိ
DVB
·
November 19, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့အဝင် မောင်းတံဂိတ်မှာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ကျပ်ငွေ ၁၃၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့မရဲစခန်း  တာဝန်ရှိသူတွေဟာ ပူးပေါင်းအဖွဲ့နဲ့ ပိတ်ဆို့ရှာဖွေခဲ့ရာ မောင်ငယ် (ခ) အောင်ဇော်ဇော်လင်း ဆီက ရောင်စုံဆပ်ပြာခွက်အတွင်း ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါရောင်အမှုန့် ၁၀ ဂရမ်လောက်စီပါ ၁၁ ခွက် အလေးချိန် ၁၁၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၇၇  သိန်း၊ အပြာရောင် ကပ်ခွာအိတ်အတွင်း ထည့်ထားတဲ့ WYစာတမ်းပါ ပန်းရောင်ဆေးပြား ၁၉၀ ပြားစီပါ ၁၀ ထုပ် စုစုပေါင်း ၁၉၀၀ ပြား၊ အလေးချိန် ၁၉၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၅၇ သိန်း စုစုပေါင်းကာလတန်ဖိုး ၁၃၄ သိန်းဖိုး ဖမ်းမိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ “မူးယစ်ဆေးဝါးကို အပြတ်ရှင်းချင်တာ။ သုံးစွဲတဲ့သူ မဖမ်းရဘူးဆိုတော့ အတင့်ရဲပြီး သုံးစွဲတဲ့သူတွေများနေတာ။” လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူ အောင်သပြေ(၃)ရပ်ကွက်မှ ရပ်မိ/ဖ အဖွဲ့ဝင်ဦးမြင့်လွင်က ပြောပါတယ်။ မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မောင်ငယ်(ခ) အောင်ဇော်ဇော်လင်းကို မူးယစ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ခင်သန်းညွှန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024