အိန္ဒိယအလှမယ် မယ်ကမ္ဘာသရဖူ ဆွတ်ခူး (ရုပ်သံ)

2.2K
နိုဝင်ဘာ ၁၈ ရက်နေ့ ကျင်းပတဲ့ မယ်ကမ္ဘာပြိုင်ပွဲမှာ အိန္ဒိယအလှမယ်က သရဖူကို ဆွတ်ခူးသွားပါတယ်။
အသက် ၂၀ အရွယ် မနူစီး ချီလ်လာဟာ သူအနိုင်ရတာကို အံ့သြနေပုံကိုလည်း ရုပ်သံ ထဲမှာ တွေ့ရပါတယ်။
ဒုတိယဆုကို မက္ကဆီကိုနိုင်ငံက အန်ဒရီယာ မေဇာနဲ့ တတိယဆုကိုတော့ အင်္ဂလန်က စတက်ဖနီ ဟီးလ်က ရသွားပါတယ်။
၂၀၁၇ ခုနှစ်အတွက် မယ်ကမ္ဘာ အလှမယ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ဟိုင်နန်ခရိုင်ရဲ့ တောင်ဘက်စွန်းက စန်းယမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်က အလှမယ်တွေ ပါဝင် ဆင်နွှဲခဲ့ပါတယ်။