DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်က ဗိုလ်ကြီးနှင့်ဇနီးဖြစ်သူအလောင်း ကားနောက်ဖုံးအတွင်း တွေ့ရှိ
DVB
·
November 19, 2017
နယ်ခြားစောင့်တပ်က ဗိုလ်ကြီးနှင့်ဇနီးဖြစ်သူအလောင်း ကားနောက်ဖုံးအတွင်း တွေ့ရှိ
1 / 4
Donate to DVB

 

မိတ္ထီလာမြို့၊ ဇွဲရုံဂိတ်အနီးယာဉ်တိုက်မှုဖြစ်ပြီး ခြင်္သေ့ကြီး ၂ ကောင်ဘုရားတိုက်တန်းရှိ ဦးမြင့်သိန်းဝပ်ရှော့မှာ အပ်ထားခဲ့တဲ့ စလွန်းကား နောက်ဖုံးအတွင်းက နယ်ခြားစောင့်တပ်က ဗိုလ်ကြီးနဲ့ဇနီးဖြစ်သူတို့ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက တာဝန်မှူးက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက ဇွဲရုံဂိတ်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၇/၂ နဲ့ ၃ အကြား မျိုးဂုဏ်အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်အနီးက အုတ်ခုံကို ဝင်တိုက်ပြီး မောင်းမရတော့လို့ ပစ်ထားခဲ့တဲ့ စလွန်းကားဖြစ်ပြီး အရပ်သားတဦးက သတင်းပေးလို့ တပ်ထိန်းနဲ့ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး နီးစပ်ရာ ဦးမြင့်သိန်း ကားဝပ်ရှော့မှာ အပ်ထားခဲ့ကြတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၈ ရက်မနက် ၁၀ နာရီမှာ အပုပ်နံတွေထွက်လာကြောင်း သတင်းပေးလို့ ကားနောက်ဖုံးဖွင့်ကြည့်ရာ အမျိုးသားမှာ ဦးခေါင်းနောက်စေ့ ညာဘက်ခြမ်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်နံစောင်း ၂ လက်မလောက် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်လက် မောင်းပြင်ပ ၁ လက်မလောက် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဘယ်ဘက်လည်ဂုတ် ၄ လက်မလောက် ပြတ်ရှဒဏ်ရာ ၂ ချက်၊ ညာဘက်လည်ပင်း ၁ လက်မလောက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာပခုံး လည်ပင်းအရင်း ၄ လက်မလောက် ထိုသွင်းပြတ်ရှဒဏ်ရာ ၁ ချက်နဲ့သေဆုံးနေပြီး အမျိုးသမီးမှာ ဘယ်ပခုံး ပြတ်ရှထိုးသွင်း ၁ ချက် ချိုင်းကြား ၅ လက်မလောက် လှီးဖြတ်ဒဏ်ရာ ၁ ချက်၊ ညာဘက်လည်ပင်းထိုးသွင်း ဒဏ်ရာ ၁ ချက်တို့ နဲ့ လွန်ခဲ့တဲ့ ၃ ရက်လောက်က သေဆုံးတယ်လို့ ခန့်မှန်းရကြောင်း ခရိုင်ရဲတပ်ဖွဲ့က ရဲအုပ်တဦးက ပြောပါတယ်။

ကားပေါ်မှာတွေ့ရတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့် အမှတ် (၁) တပ်နယ်တံဆိပ်တခု နယ်ခြားစောင့်တပ်ဖွဲ့ပိုင် သက်သေခံလက်မှတ် ၂၀၁၈ ဘီးခွန်ကောက် အဝိုင်းတခုနဲ့ ဖုန်းနံပါတ်ရရှိလို့ ဆက်သွယ်ကာ စုံစမ်းစစ်ဆေးနေပါတယ်။

ခရိုင်ရဲတပ်ဖွဲ့က ရဲအုပ်တဦးက “ထိုးသွင်းဒဏ်ရာတွေနဲ့ ကားနောက်ဖုံးထဲ ထည့်ထားခဲ့တဲ့ အမျိုးသားက ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ဗိုလ်ကြီးအဆင့်ရှိ စိုင်းစိုးအောင်ဖြစ်တယ်။ အမျိုးသမီးသမီးကတော့ စိုင်းစိုးအောင်ရဲ့ဇနီး မလင်းလင်းဖြစ်တယ်။ နှစ်ဦးလုံးကတော့ အသက် ၃၀ လောက်ရှိကြတယ်။ လက်ရှိနေထိုင်တာက မန္တလေး မဟာမြိုင်ရပ်မှာနေတယ်။ သူတို့နဲ့ ဆက်စပ်တဲ့ ဇွဲမြင့်မိုရ်ဆိုတဲ့ သူတယောက်လည်း ရှာမတွေ့ဘူးဖြစ်နေတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တွေလည်း ရောက်လာပါပြီ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူသတ်တရားခံကို ပူးပေါင်းစုံစမ်းဖော်ထုတ်ကြမှာပါ” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက လူသတ်မှုရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013