Home
မြန်မာသတင်း
ပြည်ထောင်စုကြီး ခိုင်မာသာယာဝပြောအောင် ဆောင်ရွက်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
November 19, 2017
  တောင်တန်း၊ ပြည်မ စည်းလုံးညီညွတ်ရေးကို မျိုးစေ့ချမှတ်နိုင်ခဲ့တဲ့ ရှမ်းပြည်နယ်ကြီးမှ တဆင့် ပြည်ထောင်စုကြီး တခုလုံး ခိုင်မာသာယာ ၀ပြောအောင် ဆောင်ရွက်ကြဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ကျင်းပတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ တိုက်တွန်းလိုက်တာပါ။ ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အသီးအပွင့်တွေ ခံစားနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတခု ဖန်တီးထားရစ်နိုင်ခဲ့ဖို့၊ တည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ကောင်းမွေ ပေးအပ်နိုင်ခဲ့ဖို့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရရှိလှတဲ့ ပင်လုံစိတ်ဓာတ်ကို အရင်းခံပြီး အောင်မြင်စွာ အတူလက်တွဲ လျှောက်လှမ်းကြဖို့ သ၀ဏ်လွှာထဲမှာ တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024